အလုပ်တစ်ခုမှာ ရေရှည်လုပ်တာကောင်းလား? အလုပ်ခဏခဏပြောင်းတာကောင်းလား?
မကြာသေးခင်က Social Media ပေါ်မှာ Post တစ်ခု ဖတ်လိုက်ရတယ်။ သူ့အဆိုအရ “အလုပ်ပြောင်းတိုင်း လစာတိုးတယ်၊ ဘဝတိုးတက်တယ်” ဆိုတဲ့ သဘောမျိုး ရေးထားတာပါ။ဖတ်ရတာ အားတက်စရာကောင်းပေမယ့် Career နဲ့ HR ရှုထောင့်ကနေ ကြည့်ရင် ဒီအချက်က တစ်ဝက်ပဲ မှန်ပါတယ်။
