| |

စင်ကာပူ IPA (In-Principle Approval) ဆိုတာ ဘာလဲ?

စင်ကာပူ IPA (In-Principle Approval) ဆိုတာ ဘာလဲ?

😊 IPA (In-Principle Approval) ဆိုတာ စင်ကာပူအစိုးရက အလုပ်ဗီဇာ/Work Pass လျှောက်ထားမှုကို “မူအားဖြင့် အတည်ပြုထားပြီး” ဆိုတဲ့စာဖြစ်ပါတယ်။
အလုပ်ရှင်က သင့်အတွက် Work Permit, S Pass, ဒါမှမဟုတ် Employment Pass လျှောက်ပြီး ခွင့်ပြုချက်ရပြီ ဆိုရင် IPA Letter ထုတ်ပေးတတ်ပါတယ်။


🚨 အရေးကြီးတာက — Job Offer Letter နဲ့ IPA Letter မတူပါဘူး။ Offer Letter က ကုမ္ပဏီကပေးတာ၊ IPA ကတော့ စင်ကာပူအစိုးရ၏ Ministry of Manpower (MOM) official website က ထုတ်ပေးတဲ့ အတည်ပြုစာဖြစ်ပါတယ်။

🔹 IPA Letter ဘာကြောင့် အရေးကြီးသလဲ?

၁။ အလုပ်ဗီဇာ approve ဖြစ်ကြောင်း သက်သေ
-Employer က သင့်အတွက် Work Pass လျှောက်ထားပြီး MOM က approve လုပ်ထားပြီဆိုတာကို ပြပါတယ်။


၂။ စင်ကာပူဝင်ဖို့ အသုံးဝင်တတ်တယ်။
-IPA Letter တချို့က single-entry visa (တစ်ကြိမ်ဝင်ခွင့်) အဖြစ် အသုံးပြုနိုင်ပြီး Singapore ဝင်ပြီး formalities ပြီးအောင်
လုပ်နိုင်ပါတယ်။


၃။ နောက်လုပ်ရမယ့် အဆင့်တွေ ပါတယ်။
-ဆေးစစ်ရမလား။
-ဘယ်နေ့မတိုင်ခင် Singapore ဝင်ရမလဲ။
-ဘာ documents ယူလာရမလဲ။
-Pass issue လုပ်ရမယ့်အဆင့်တွေ စသဖြင့် ပါတတ်ပါတယ်။


၄။ Job Scam မဖြစ်အောင် ကူညီပေးတယ်။
IPA မှာ ပုံမှန်အားဖြင့် နာမည် , Passport number,
Company name, Pass type, Reference number,
Validity date တွေ ပါတတ်ပါတယ်။
မကိုက်ညီတာတွေရှိရင် သတိထားသင့်ပါတယ်။

📢 စင်ကာပူအလုပ်အသစ်များကို နေ့စဉ်ကြည့်ချင်ရင်
🌐 www.alexcg.com.sg မှာ ဝင်ကြည့်ပြီး အလုပ်အသစ်တွေ လျှောက်ထားနိုင်ပါတယ်!

💼 သင့်နဲ့ကိုက်ညီတဲ့ Singapore job opportunity ကို အခုပဲ ရှာဖွေလိုက်ပါ။
📲 CV ပေးပို့ရန် Viber / WhatsApp ကို တိုက်ရိုက် ဆက်သွယ်ပါ။
👉 +65 8989 8416
👉 +65 8899 0447
👉 +65 8464 2055