|

Job Application မှာ Reference ဆိုတာ ဘာလဲ။ဘယ်လိုပြင်ဆင်ထားရမလဲ။

Job Application မှာ Reference ဆိုတာ ဘာလဲ။ ဘယ်လိုပြင်ဆင်ထားရမလဲ။

📄 အလုပ်လျှောက်တဲ့အခါ CV, Certificate, Work Experience တွေလိုအပ်သလို *Reference* လည်း တစ်ခါတလေလိုအပ်ပါတယ်။

💁🏻‍♀️ Reference ဆိုတာ ဘာလဲ။

🔹 Reference ဆိုတာ မိတ်ဆွေ အရင်အလုပ်မှာ ဘယ်လိုအလုပ်လုပ်ခဲ့လဲ၊ တာဝန်ယူမှုရှိလား၊ အချိန်မှန်လား၊ Team နဲ့အလုပ်လုပ်နိုင်လား၊ Attitude ကောင်းလား ဆိုတာ Employer ကို ပြောပြပေးနိုင်တဲ့သူ ဖြစ်ပါတယ်။

🔹 Employer က CV ထဲမှာရေးထားတဲ့အချက်တွေကို ယုံကြည်ရမရ စစ်ဆေးချင်တဲ့အခါ Reference ကို ဆက်သွယ်နိုင်ပါတယ်။

💁🏻‍♀️ Reference က ဘာကြောင့်အရေးကြီးလဲ။

🔹 CV မှာ ကိုယ်ရေးထားတာက ကိုယ့်အမြင်ပါ။

🔹 Reference ကတော့ တခြားသူတစ်ယောက်က မိတ်ဆွေအကြောင်း ပြောပေးတာဖြစ်လို့ Employer အတွက် ယုံကြည်မှု ပိုရစေနိုင်ပါတယ်။

🔹 Reference ကောင်းကောင်းရှိရင် အလုပ်ရနိုင်ချေကို အထောက်အကူပြုနိုင်ပါတယ်။

💁🏻‍♀️ ဘယ်သူတွေကို Reference အဖြစ်ထားသင့်လဲ။

🫴🏻 Reference အဖြစ်ထားလို့ကောင်းတဲ့သူတွေက

၁။ အရင် Supervisor
၂။ အရင် Manager
၃။ အရင် HR
၄။ အရင် Senior Coworker
၅။ Training Instructor
၆။ School Teacher (သို့မဟုတ်/၀ Lecturer
၇။ Volunteer Organization က တာဝန်ခံ
၈။ Internship Supervisor

👉🏻 အရေးကြီးတာက Reference person ဟာ မိတ်ဆွေကို တကယ်သိတဲ့သူ ဖြစ်ရပါမယ်။

👉🏻 နာမည်ကြီးတဲ့သူဖြစ်စရာမလိုပါဘူး။ မိတ်ဆွေရဲ့ အလုပ်လုပ်ပုံ၊ အကျင့်စရိုက်၊ တာဝန်ယူမှုကို ရိုးရိုးသားသားပြောပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။

💁🏻‍♀️ ဘယ်သူတွေကို Reference အဖြစ်မထားသင့်လဲ။

👇🏻 အောက်ပါသူတွေကို Reference အဖြစ်မထားတာ ပိုကောင်းပါတယ်။

၁။ မိသားစုဝင်
၂။ အလွန်ရင်းနှီးတဲ့သူငယ်ချင်း
၃။ မိတ်ဆွေကို အလုပ်ပိုင်းမှာ မသိတဲ့သူ
၄။ ကိုယ့်အကြောင်း မကောင်းပြောနိုင်တဲ့ Supervisor ဟောင်း
၅။ ကြိုတင်ခွင့်မတောင်းထားတဲ့သူ
၆။ Phone number မမှန်တော့တဲ့သူ
၇။ မိတ်ဆွေရဲ့ performance ကို မသိတဲ့သူ

👉🏻 Reference ဆိုတာ ကိုယ့်အတွက် ထောက်ခံပေးမယ့်သူ ဖြစ်ရပါမယ်။ နာမည်ထည့်ရုံနဲ့ မလုံလောက်ပါဘူး။

💁🏻‍♀️ Reference မပေးခင် ခွင့်တောင်းပါ။

🔹 အရေးကြီးဆုံးအချက်က Reference person ကို မတိုင်ပင်ဘဲ သူ့နာမည်၊ ဖုန်းနံပါတ်၊ Email ကို Application Form ထဲ မထည့်ပါနဲ့။

🔹 အရင်ဆုံး ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းပါ။

💁🏻‍♀️ ခွင့်တောင်းတဲ့ Message နမူနာ

မင်္ဂလာပါ Sir,

ကျွန်တော် အလုပ်အသစ်လျှောက်နေပါတယ်။ Employer ဘက်က Reference လိုအပ်လာရင် Sir ရဲ့နာမည်နဲ့ contact number ကို Reference အဖြစ် ပေးလို့ရမလားခင်ဗျာ။

Sir အဆင်ပြေမှသာ ပေးပါမယ်။

ကျေးဇူးတင်ပါတယ်။

💁🏻‍♀️ Reference Person ကို ဘာတွေပြောထားသင့်လဲ။

🔹 Reference person က မိတ်ဆွေအကြောင်းကောင်းကောင်းပြောနိုင်ဖို့ အချက်အလက်တွေ ကြိုပေးထားသင့်ပါတယ်။

👇🏻 ပေးထားသင့်တာတွေက

၁။ Updated CV
၂။ ကိုယ်လျှောက်ထားတဲ့ Job Position
၃။ Company name
၄။ ကိုယ်လုပ်ချင်တဲ့ Job Scope
၅။ Employer ဘက်က ဆက်သွယ်လာနိုင်ကြောင်း
၆။ ကိုယ့်အရင်အလုပ်တာဝန်တွေ
၇။ ကိုယ်ပြောစေချင်တဲ့ Strength တွေ

💠 ဥပမာ

🔸 Punctuality
🔸 Responsibility
🔸 Teamwork
🔸 Customer service
🔸 Problem solving
🔸 Communication
🔸 Supervisor instruction လိုက်နာနိုင်မှု

👉🏻 ဒီလိုပြင်ဆင်ထားရင် Reference person ဘက်ကလည်း Employer ကို သေချာပြောပေးနိုင်ပါတယ်။

💁🏻‍♀️ Reference List မှာ ဘာတွေပါရမလဲ။

🔹 Employer က Reference List တောင်းလာရင် စနစ်တကျရေးထားသင့်ပါတယ်။

👇🏻 ပါသင့်တဲ့အချက်တွေက

၁။ Reference person နာမည်အပြည့်အစုံ
၂။ Position or Job Title
၃။ Company name
၄။ Phone number
၅။ Email address
၆။ ကိုယ်နဲ့ Relationship
၇။ ကိုယ်နဲ့ အလုပ်လုပ်ခဲ့တဲ့ကာလ

💁🏻‍♀️ Reference List နမူနာ

📍 Reference 1

Name: Mr. Tan Kok Leong
Position: Operations Supervisor
Company: ABC Pte Ltd
Phone: 9123 4567
Email: tankokleong@email.com
Relationship: Former Supervisor
Worked Together: 2022 to 2024

📍 Reference 2

Name: Ms. May Win
Position: HR Executive
Company: XYZ Services Pte Ltd
Phone: 9234 5678
Email: maywin@email.com
Relationship: Former HR Executive
Worked Together: 2020 to 2022

💁🏻‍♀️ Reference ကို CV ထဲမှာ ထည့်သင့်လား။

🔹 အများအားဖြင့် CV ထဲမှာ Reference full details မထည့်သင့်ပါဘူး။
🔹 CV အဆုံးမှာ ဒီလိုရေးလို့ရပါတယ်။

💁🏻‍♀️ References available upon request


🔹 အဓိပ္ပါယ်က Employer တောင်းလာရင် Reference ပေးနိုင်ပါတယ် ဆိုတဲ့သဘောပါ။

🔹 Reference person ရဲ့ phone number နဲ့ email ကို CV ထဲမှာ အစကတည်းက ထည့်ထားတာက privacy အတွက် မသင့်တော်နိုင်ပါဘူး။

💁🏻‍♀️ Reference မရှိသေးရင် ဘာလုပ်မလဲ။

🔹 အလုပ်အတွေ့အကြုံမရှိသေးတဲ့သူတွေ၊ Singapore ကို အခုမှလာတဲ့သူတွေ၊ အလုပ်ပြောင်းချင်ပေမယ့် Supervisor ကို မပြောချင်သေးတဲ့သူတွေမှာ Reference မရှိနိုင်ပါဘူး။

👇🏻 ဒီလိုအချိန်မှာ သုံးလို့ရတဲ့သူတွေက

၁။ Teacher
၂။ Lecturer
၃။ Training instructor
၄။ Volunteer leader
၅။ Internship supervisor
၆။ Community leader
၇။ အလုပ်နဲ့ဆက်စပ်တဲ့ senior person

👉🏻 အရေးကြီးတာက မိတ်ဆွေရဲ့ attitude, responsibility, communication, learning ability ကို ပြောပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။

💁🏻‍♀️ လက်ရှိ Boss ကို Reference ထားသင့်လား။

🔹 လက်ရှိအလုပ်မှာ Boss မသိသေးဘဲ အလုပ်အသစ်ရှာနေတယ်ဆိုရင် လက်ရှိ Boss ကို Reference မထားသင့်ပါဘူး။

👇🏻 Employer ကို ဒီလိုပြောလို့ရပါတယ်။

👉🏻 My current employer is not aware of my job search yet. I can provide references from my previous employment if required.

👉🏻 အဓိပ္ပါယ်က လက်ရှိ Employer မသိသေးတဲ့အတွက် အရင်အလုပ်က Reference ပေးနိုင်ပါတယ် ဆိုတာပါ။

💁🏻‍♀️ Reference Check မှာ Employer ဘာတွေမေးနိုင်လဲ။

🔹 Employer က Reference person ကို အောက်ပါအကြောင်းအရာတွေ မေးနိုင်ပါတယ်။

၁။ Candidate က အဲ့ဒီ company မှာ တကယ်အလုပ်လုပ်ခဲ့လား။
၂။ ဘယ် position နဲ့လုပ်ခဲ့လဲ။
၃။ အလုပ်တာဝန်တွေ ဘာတွေရှိခဲ့လဲ။
၄။ အချိန်မှန်လား။
၅။ Team နဲ့အလုပ်လုပ်နိုင်လား။
၆။ Customer နဲ့ဆက်ဆံရေးကောင်းလား။
၇။ Supervisor instruction လိုက်နာလား။
၈။ ဘာကြောင့်အလုပ်ထွက်ခဲ့လဲ။
၉။ ပြန်ခန့်ချင်လား။
၁၀။ Strength နဲ့ improvement area ဘာရှိလဲ။

👉🏻 ဒါကြောင့် Application Form ထဲမှာ လိမ်ပြီးမရေးသင့်ပါဘူး။ Reference check လုပ်တဲ့အခါ အချက်အလက်မကိုက်ရင် အခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။

💁🏻‍♀️ Reference Person ကို Update ပေးပါ။

🔹 Reference ပေးထားပြီးရင် တိတ်တိတ်မနေပါနဲ့။

🔹 Application တင်ပြီးကြောင်း၊ Interview ဝင်ပြီးကြောင်း၊ Employer ဘက်က ဖုန်းဆက်လာနိုင်ကြောင်း Reference person ကို update ပေးပါ။

💠 ဥပမာ

မင်္ဂလာပါ Sir,

ကျွန်တော် ABC Company မှာ Supervisor position အတွက် Interview ဝင်ထားပါတယ်။ Employer ဘက်က Reference check အတွက် Sir ကို ဆက်သွယ်လာနိုင်ပါတယ်။

ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

💁🏻‍♀️ အလုပ်ရပြီးရင် Reference ကို ကျေးဇူးတင်ပါ။

🔹 အလုပ်ရသွားရင် Reference person ကို ကျေးဇူးတင်စကား ပြန်ပြောပါ။

🔹 ဒီလိုလုပ်တာက Professional ဖြစ်ပြီး အနာဂတ်မှာလည်း ဆက်ဆံရေးကောင်းထားနိုင်ပါတယ်။

💁🏻‍♀️ Reference နဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့အမှားများ

၁။ ခွင့်မတောင်းဘဲ နာမည်ထည့်ခြင်း
၂။ Phone number မှားထည့်ခြင်း
၃။ ကိုယ့်အကြောင်းမသိတဲ့သူကို Reference ထားခြင်း
၄။ မိသားစုဝင်ကို Professional Reference အဖြစ်ထားခြင်း
၅။ Reference person ကို Update မပေးခြင်း
၆။ မကောင်းပြောနိုင်တဲ့သူကို Reference ထားခြင်း
၇။ Fake Reference ထည့်ခြင်း
၈။ Employer တောင်းတဲ့အချိန်မှ Reference ရှာခြင်း

👉🏻 Fake Reference ထည့်တာဟာ အလွန်အန္တရာယ်များပါတယ်။ Employer သိသွားရင် အလုပ်မရနိုင်သလို Professional image လည်း ပျက်နိုင်ပါတယ်။

💁🏻‍♀️ Reference ပြင်ဆင်ရန် Checklist

🔹 Job Application မဖြည့်ခင် အောက်ပါ Checklist ကို ပြင်ထားပါ။

၁။ Reference person ၂ ယောက် သို့မဟုတ် ၃ ယောက် ရွေးထားပါ။
၂။ ခွင့်တောင်းပြီးသား ဖြစ်ပါစေ။
၃။ Phone number မှန်ပါစေ။
၄။ Email address မှန်ပါစေ။
၅။ Position နဲ့ Company name မှန်ပါစေ။
၆။ ကိုယ်နဲ့ Relationship ကို ရှင်းရှင်းရေးပါ။
၇။ Updated CV ပေးထားပါ။
၈။ Job Position အကြောင်း ပြောထားပါ။
၉။ Employer ဆက်သွယ်လာနိုင်ကြောင်း Update ပေးထားပါ။
၁၀။ အလုပ်ရပြီးရင် ကျေးဇူးတင်စကား ပြောပါ။

🚨 အရေးကြီးဆုံး မှတ်သားရန်

🔹 Reference ဆိုတာ Application Form ထဲမှာ ဖြည့်ရတဲ့နာမည်တစ်ခုတည်း မဟုတ်ပါဘူး။

🔹 မိတ်ဆွေရဲ့ အလုပ်လုပ်ပုံ၊ တာဝန်ယူမှု၊ စိတ်နေစိတ်ထား၊ Professional image ကို Employer ဆီ ပြောပေးနိုင်တဲ့ အရေးကြီးတဲ့ အထောက်အထားတစ်ခု ဖြစ်ပါတယ်။

🔹 Reference ကောင်းကောင်းပြင်ထားသူဟာ Employer အမြင်မှာ ပိုယုံကြည်ရပါတယ်။

🔹 ဒါကြောင့် အလုပ်မလျှောက်ခင်ကတည်းက Reference person တွေကို စနစ်တကျပြင်ထားပါ။

🔸 ခွင့်တောင်းပါ။
🔸 အချက်အလက်မှန်ပါစေ။
🔸 CV ပေးထားပါ။
🔸 Update ပေးပါ။
🔸 ကျေးဇူးတင်ပါ။

👉🏻 အလုပ်ရှာတဲ့အခါ Skill တစ်ခုတည်းမဟုတ်ပါဘူး။
👉🏻 Relationship ကောင်းကောင်းတည်ဆောက်ထားနိုင်မှုကလည်း အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More