အလုပ်ထွက်စာ (Resignation Letter) ကို စနစ်တကျနှင့် အဆင်ပြေပြေ ဘယ်လိုတင်မလဲ?

📄 အလုပ်ထွက်စာ (Resignation Letter) ကို စနစ်တကျ၊ professional ဖြစ်ပြီး relationship မပျက်အောင် တင်တာက အရေးကြီးပါတယ်။

📄 အထူးသဖြင့် နောက်အလုပ် reference, networking, recommendation အတွက်ပါ။

(၁) Notice Period ကို အရင်စစ်ပါ။

အရင်ဆုံး employment contract / company policy ကိုကြည့်ပါ။

🔺 ၂ ပတ် (2 weeks notice)
🔺 ၁ လ (30 days notice)
🔺 ၂ လ စတဲ့ notice period တွေရှိနိုင်ပါတယ်။

Notice period ကို မလိုက်နာဘဲ ချက်ချင်း အလုပ်ထွက်ပါက လစာဖြတ်တောက်ခံရခြင်း၊ အလုပ်မှတ်တမ်းမကောင်းခြင်း (bad record) နှင့် နောင်တွင် ပြန်လည်အလုပ်ခန့်အပ်မခံရခြင်း (rehire issue) စသည့် ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။

(၂) Manager ကို စာမတင်ခင် အရင်ပြောပါ။

Email သို့မဟုတ် အလုပ်ထွက်စာ မတင်မီ direct supervisor/manager ကို လေးစားမှုဖြင့် ကြိုတင်အသိပေးပြောကြားခြင်းကပိုမိုအဆင်ပြေပြီး professional ဖြစ်စေပါသည်။

(၃) Resignation Letter ကို Short & Professional ရေးပါ။

အလုပ်ထွက်စာက လိုရင်းတိုရှင်း ဖြစ်ရင်အကောင်းဆုံးပါ။ မကျေနပ်ချက်တွေ၊ office drama, blame တွေ မထည့်သင့်ပါ။

(၄) Handover ကို စနစ်တကျလုပ်ပါ။

အလုပ်ထွက်ပြီးနောက်လည်း Good Impressionကျန်ရှိစေရန်အတွက် 👇🏻

✅ ကျန်ရှိနေသေးသော အလုပ်များ (Pending Tasks) စာရင်းကို စနစ်တကျ လွှဲပြောင်းပေးပါ။
✅ အသုံးပြုနေသော Passwords, Files နှင့် Documents များကို လိုအပ်သလို စနစ်တကျ လွှဲပြောင်းပေးပါ။
✅ အစားထိုးတာဝန်ယူမည့်သူ (Replacement) ရှိပါက လုပ်ငန်းတာဝန်များကို နားလည်စေရန် သင်ကြားပေးပါ။
✅ လုပ်ငန်းနှင့်ဆက်စပ်သော အရေးကြီး Contact များကို မျှဝေပေးထားပါ။

(၅) အလုပ်ထွက်သော်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်ကောင်းများကို ဆက်လက်ထိန်းသိမ်းပါ။

အလုပ်ထွက်တဲ့နေ့မှာ relationship က အဆုံးမဟုတ်ပါ။

🤗 Manager/teammates ကို thank you ပြောပါ။
🤗 Professional contact (LinkedIn, phone, email) သိမ်းထားပါ။
🤗 Negative post / office gossip မလုပ်တာ ပိုကောင်းပါတယ်။

📌 နောက်အလုပ်ဝင်ရာတွင် ယခင်အလုပ်မှတ်တမ်းများကို စစ်ဆေးမေးမြန်းမှုများ ရှိတတ်ပါသည်။

📌စင်ကာပူ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလိုပါက
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More