| |

📄 တရားဝင် အေဂျင်စီတစ်ခုကနေ အလုပ်လျှောက်ရင် ကြိုတင်ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများ

📄 တရားဝင် အေဂျင်စီတစ်ခုကနေ အလုပ်လျှောက်ရင် ကြိုတင်ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများ

🇸🇬 နိုင်ငံရပ်ခြားအလုပ်အကိုင် လျှောက်ထားရာတွင် စာရွက်စာတမ်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားခြင်းက အလုပ်ရရှိနိုင်ခြေကို ပိုမိုမြင့်မားစေပါသည်။

👉🏻 အလုပ်ခေါ်စာတွေ့တဲ့အချိန်မှ အလျင်အမြန်ရှာဖွေရမည့်အစား ကြိုတင်အသင့်ပြင်ထားပါ။

CV (Curriculum Vitae)

📄 ကိုယ်ရေးအချက်အလက်၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို ရှင်းလင်းစွာ ဖော်ပြထားသော CV တစ်စောင် လိုအပ်ပါသည်။

✅ Passport

📕 Passport သက်တမ်းကျန်ရှိနေကြောင်း စစ်ဆေးထားပါ။ သက်တမ်းနီးကပ်နေပါက ကြိုတင်သက်တမ်းတိုးထားသင့်ပါသည်။

NRC / မှတ်ပုံတင်

📷 ရှေ့နောက် ကြည်လင်ပြတ်သားစွာ Scan သို့မဟုတ် ဓာတ်ပုံရိုက်ထားပါ။

ပတ်စ်ပို့ဓာတ်ပုံ

🙍🏻‍♀️ အဖြူရောင်နောက်ခံဖြင့် ရိုက်ကူးထားသော Passport Size Photo များကို Soft Copy နှင့် Hard Copy နှစ်မျိုးလုံး အသင့်ရှိထားပါ။

✅ အလုပ်အတွေ့အကြုံ အထောက်အထားများ

🔶 လုပ်ဖူးသောအလုပ်များ၏ Recommendation Letter၊ Employment Certificate သို့မဟုတ် အတွေ့အကြုံအထောက်အထားများ ရှိပါက ပိုမိုအကျိုးရှိပါသည်။

ပညာရေး အထောက်အထားများ

📑 ဘွဲ့လက်မှတ်၊ အောင်လက်မှတ်၊ သင်တန်းဆင်းလက်မှတ်များကို စနစ်တကျ သိမ်းဆည်းထားပါ။

ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်များ

📰 Driver Licence၊ Welding Certificate၊ Electrical Certificate၊ Food Hygiene Certificate စသည့် လုပ်ငန်းနှင့်သက်ဆိုင်သော လက်မှတ်များ ရှိပါက အလုပ်လျှောက်ရာတွင် အားသာချက်ရနိုင်ပါသည်။

လုပ်ငန်းခွင်ဓာတ်ပုံများ

📷 အလုပ်လုပ်နေစဉ် ရိုက်ထားသော ဓာတ်ပုံများရှိပါက အတွေ့အကြုံကို အတည်ပြုရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်

📞 အသုံးပြုနေသော ဖုန်းနံပါတ်နှင့် Viber/WhatsApp နံပါတ်များကို အမြဲအသုံးပြုနိုင်အောင် ထားရှိပါ။

အင်တာဗျူးအတွက် ပြင်ဆင်ထားခြင်း

🙎🏻‍♂️ စာရွက်စာတမ်းများ ပြည့်စုံရုံသာမက မိမိလုပ်ဖူးသော အလုပ်အတွေ့အကြုံများ၊ တာဝန်များနှင့် ကျွမ်းကျင်မှုများကို ယုံကြည်စွာ ဖြေဆိုနိုင်ရန် ကြိုတင်လေ့ကျင့်ထားပါ။

💡 အကြံပြုချက်

တရားဝင်အေဂျင်စီများသည် အလုပ်ရှင်ထံသို့ CV နှင့် အထောက်အထားများ ပေးပို့ပြီး စိစစ်ရွေးချယ်ပေးရသောကြောင့် စာရွက်စာတမ်းများ ပြည့်စုံပြီး မှန်ကန်မှုရှိခြင်းက အလုပ်ရရှိနိုင်ခြေကို များစွာအထောက်အကူပြုပါသည်။

📌 အခွင့်အရေးကောင်းတစ်ခု ပေါ်လာချိန်မှာ အဆင်သင့်ဖြစ်နေစေရန် ယနေ့ကတည်းက သင့်စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားလိုက်ပါ။

🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။

🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More