စင်ကာပူမှာ အလုပ်လုပ်နေပေမဲ့ လစာမကျန်ဘူးလား?

စင်ကာပူမှာ အလုပ်လုပ်နေပေမဲ့ လစာမကျန်ဘူးလား?

🤩 လစာထုတ်တဲ့နေ့ဆို ပျော်ကြတယ်။

👩‍👩‍👧‍👦 မိသားစုကို ငွေပို့မယ်။ သူငယ်ချင်းတွေနဲ့ စားသောက်မယ်။ ကိုယ်လိုချင်တာလေးတွေ ဝယ်မယ်။

☹️ ဒါပေမဲ့ လကုန်ခါနီးရင်…

🔹 “ဒီလ ဘာမှ မစုလိုက်ရဘူး”
🔹 “အိမ်ကို ပို့ပြီးတာနဲ့ ပိုက်ဆံမကျန်တော့ဘူး”
🔹 “OT အများကြီးဆင်းထားတာတောင် ဘယ်ရောက်သွားမှန်း မသိဘူး” ဆိုတဲ့ စကားတွေ ပြောမိကြတယ်။

🧏🏻‍♀️ တကယ်တော့ ပြဿနာက လစာနည်းလို့ မဟုတ်ပါဘူး။

💁🏻‍♀️ ပိုက်ဆံ ဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လိုစီမံသုံးစွဲတယ်ဆိုတာက ပိုအရေးကြီးပါတယ်။

🫴🏻 စင်ကာပူကို လာရတဲ့ ရည်ရွယ်ချက်က

✅ မိသားစုဘဝ တိုးတက်ဖို့
✅ အကြွေးဆပ်ဖို့
✅ အိမ်ဆောက်ဖို့
✅ စီးပွားရေးစဖို့
✅ အနာဂတ်အတွက် ငွေစုဖို့ ဖြစ်ပါတယ်။

🗓️ ဒါကြောင့် လစာရတဲ့နေ့ကစပြီး Budget တစ်ခု ဆွဲထားပါ။

📌 အိမ်ကို ငွေပို့ရန်
📌 နေထိုင်စားသောက်စရိတ်
📌 သွားလာစရိတ်
📌 အရေးပေါ်ရန်ပုံငွေ
📌 ငွေစုရန် ဆိုပြီး ခွဲထားပါ။

👉🏻 နောက်တစ်ခုက Wants နဲ့ Needs ကို ခွဲတတ်ဖို့ လိုပါတယ်။
👉🏻 လိုချင်တာ (Wants) နဲ့ တကယ်လိုအပ်တာ (Needs) မတူပါဘူး။
🥰 ဒီနေ့ မလိုအပ်တဲ့ အသုံးစရိတ် တစ်ခုကို လျှော့နိုင်ရင် မနက်ဖြန်မှာ ကိုယ့်အိပ်မက်နဲ့ ပိုနီးသွားနိုင်ပါတယ်။

💪🏻 စင်ကာပူမှာ အလုပ်လုပ်နေရတဲ့ နှစ်တွေကို လစာရပြီး ကုန်သွားတာမျိုး မဖြစ်စေဘဲ အနာဂတ်အတွက် အကျိုးရှိတဲ့ နှစ်တွေ ဖြစ်အောင် လုပ်ကြရအောင်။


📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More