Passport ပျောက်ဆုံးခြင်း (LOSS OF PASSPORT) အတွက် မြန်မာသံရုံး၌ အသစ်ထပ်မံ‌လျှောက်ထားရာတွက်လိုအပ်ချက်များ

Passport ပျောက်ဆုံးခြင်း (LOSS OF PASSPORT) အတွက် မြန်မာသံရုံး၌ အသစ်ထပ်မံ‌လျှောက်ထားရာတွက်လိုအပ်ချက်များ

၁။ လိုအပ်သော စာရွက်စာတမ်းများ (Checklist)Online Application Form & Personal

🔺 History Form (ဓာတ်ပုံ ၁ ပုံပါဝင်ရမည်၊ ကျောကပ်ကူးထားလျှင် လက်မခံပါ)
🔺 စင်ကာပူရဲစခန်း တိုင်ချက်စာရွက် (Police Report) မူရင်း
🔺 ပျောက်ဆုံး Passport မိတ္တူ (ရှေ့ဆုံးမျက်နှာဖုံးနှင့် နောက်ဆုံးသက်တမ်းတိုး စာမျက်နှာ)
🔺 စင်ကာပူ နေထိုင်ခွင့် ကတ်ပြား/ဗီဇာ (WP/S Pass/EP/PR/Student/Dependent Pass) (မူရင်း + မိတ္တူ)
🔺 မှတ်ပုံတင် (မိတ္တူ) နှင့် အိမ်ထောင်စုဇယား (မိတ္တူ)
🔺 ဝင်ငွေခွန် ပြေစာ (Tax Receipt) (မူရင်း + မိတ္တူ)
🔺 သင်္ဘောသားဖြစ်ပါက: CDC နှင့် Basic Safety Training (4-Tickets) (မူရင်း + မိတ္တူ)

⚠️ သတိပြုရန်:

🔺 မူရင်းစာရွက်စာတမ်းများ မပြနိုင်ပါက လျှောက်ထားမှုကို ပယ်ဖျက်မည်ဖြစ်ပြီး၊ သံရုံးမှ လိုအပ်ပါက အခြားအထောက်အထားများ ထပ်မံတောင်းခံနိုင်သည်။

၂။ ပတ်စပို့ပျောက် လျှောက်ထားစာ ပုံစံ (Cover Letter Sample)

၃။ ကိုယ်ရေးရာဇဝင်တွင် ဖြည့်စွက်ရမည့် အချက်များ (Personal History Summary)

💁🏻‍♀️ ကိုယ်ရေးအချက်အလက်:

🔺 အမည်၊ ငယ်နာမည်၊ မွေးသက္ကရာဇ်၊ ဇာတိ၊ လူမျိုး/ဘာသာ၊ မှတ်ပုံတင်၊ အရပ်/ဝ၊ ထင်ရှားသည့် အမှတ်အသား။
🔺 ပြည်ပရောက်ရှိမှုနှင့် အလုပ်/ကျောင်း: ရောက်ရှိသည့်ရက်နှင့် အကြောင်းအရင်း
🔺 လက်ရှိအလုပ်/ကျောင်း၊ လစာ/ရာထူး
🔺 မြန်မာနိုင်ငံသို့ ငွေပြန်ပို့မှု၊ နေရပ်လိပ်စာ (စင်ကာပူ + မြန်မာ)

💁🏻‍♀️ ပညာအရည်အချင်း:

🔺 တက်ရောက်ခဲ့သည့် ကျောင်း/တက္ကသိုလ်/သင်တန်းများ

💁🏻‍♀️ မိသားစုအချက်အလက် (ဇယားဖြည့်ရန်):

🔺 ဖခင်၊ မိခင်၊ မောင်နှမ၊ ဇနီး/ခင်ပွန်း၊ သားသမီးနှင့် စင်ကာပူ/ပြည်ပရောက် ဆွေမျိုးများ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ။

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More