Job Application မပို့ခင် နောက်ဆုံးစစ်ရမယ့် အချက်များ

Job Application မပို့ခင် နောက်ဆုံးစစ်ရမယ့် အချက်များ
💁🏻♀️ အလုပ်လျှောက်တဲ့အခါ CV ပို့တာ၊ Application Form ဖြည့်တာ၊ Document တင်တာတွေက လွယ်သလိုထင်ရပေမယ့် သေးသေးလေးမှားသွားရင် အလုပ်အခွင့်အရေး ထိခိုက်နိုင်ပါတယ်။
🔺 Phone number မှားတာ
🔺 Email မှားတာ
🔺 CV file မှားတင်တာ
🔺 Position name မှားရေးတာ
🔺 Employment date မကိုက်တာ
🔺 Salary expectation မသေချာတာ
🔺 Reference ကို ခွင့်မတောင်းဘဲ ထည့်တာ
🤗 ဒီလိုအမှားတွေက Candidate တစ်ယောက်ရဲ့ Professional image ကို လျော့စေနိုင်ပါတယ်။
🤗 ဒါကြောင့် Job Application မပို့ခင် အောက်ပါ checklist ကို သေချာစစ်ပါ။
၁။ Contact Information မှန်လား။
💁🏻♀️ Employer က မိတ်ဆွေကို ဆက်သွယ်လို့ရဖို့ အရေးကြီးဆုံးအချက်က contact information မှန်ဖို့ပါ။
👇🏻 စစ်ရမယ့်အချက်တွေက
၁။ နာမည် spelling မှန်လား
၂။ ဖုန်းနံပါတ် မှန်လား
၃။ Email address မှန်လား
၄။ လက်ရှိနေရပ်လိပ်စာ မှန်လား
၅။ WhatsApp number သုံးလို့ရလား
၆။ Email inbox ကို စစ်နိုင်လား
🤗 အလုပ်လျှောက်ပြီးနောက် phone call, SMS, email, WhatsApp message တွေကို သတိထားစစ်ပါ။
🤗 Employer ဆက်သွယ်လာပြီး မတုံ့ပြန်နိုင်ရင် အခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။
၂။ Email Address Professional ဖြစ်လား။
💁🏻♀️ Job Application အတွက် Email address က professional ဖြစ်သင့်ပါတယ်။
👇🏻 သင့်တော်တဲ့ email နမူနာ
maythuzar.office@gmail.com
kohtet.admin@gmail.com
👇🏻 မသင့်တော်တဲ့ email နမူနာ
[lovelyboy123@gmail.com](mailto:lovelyboy123@gmail.com)
[queenbaby88@gmail.com](mailto:queenbaby88@gmail.com)
[crazyking999@gmail.com](mailto:crazyking999@gmail.com)
🤗 Email address သေးသေးလေးတစ်ခုကတောင် Employer အမြင်မှာ impression ပေးနိုင်ပါတယ်။
၃။ CV ကို Update လုပ်ပြီးပြီလား။
💁🏻♀️ Application မပို့ခင် CV ကို အမြဲပြန်စစ်ပါ။
👇🏻 စစ်ရမယ့်အချက်တွေက
၁။ လက်ရှိအလုပ်ထည့်ပြီးပြီလား။
၂။ Latest phone number ထည့်ပြီးပြီလား။
၃။ Latest email ထည့်ပြီးပြီလား။
၄။ Work experience date မှန်လား။
၅။ Certificate အသစ်ထည့်ပြီးပြီလား။
၆။ Skill section ကို job နဲ့ကိုက်အောင်ရေးထားလား။
၇။ Spelling mistake ရှိလား။
၈။ CV file ကို PDF format နဲ့သိမ်းထားလား။
🤗 CV ဟောင်းနဲ့ အလုပ်လျှောက်တာက အလုပ်ရှာသူတွေအတွက် မဖြစ်သင့်တဲ့အမှားတစ်ခုပါ။
၄။ Position Name မှန်လား။
💁🏻♀️ Application Form မှာ “Position Applied For” ဆိုတာပါလာရင် မလွတ်ပါစေနဲ့။
💁🏻♀️ Job advertisement ထဲက title ကို တိတိကျကျ ပြန်ရေးပါ။
👇🏻 ဥပမာ
🔺 Admin Assistant
🔺 Driver
🔺 Warehouse Assistant
🔺 Production Operator
🔺 Cleaner
🔺 Kitchen Assistant
🔺 Retail Assistant
🔺 Customer Service Officer
🔺 Office Staff
🔺 General Worker
🤗 Position name မမှန်ရင် Employer ဘက်က မိတ်ဆွေ ဘယ်အလုပ်ကိုလျှောက်တာလဲ မရှင်းနိုင်ပါဘူး။
၅။ Employment History မှန်လား။
💁🏻♀️ အလုပ်အတွေ့အကြုံကို ဖြည့်တဲ့အခါ မခန့်မှန်းပါနဲ့။
👇🏻 စစ်ရမယ့်အချက်တွေက
၁။ Company name မှန်လား။
၂။ Position မှန်လား။
၃။ Start date မှန်လား။
၄။ End date မှန်လား။
၅။ လက်ရှိအလုပ်ဆိုရင် Present လို့ရေးထားလား။
၆။ Job duties ကို ရှင်းရှင်းရေးထားလား။
၇။ Reason for leaving ကို professional ဖြစ်အောင်ရေးထားလား။
🤗 Employment date မကိုက်ရင် background check အဆင့်မှာ မေးခွန်းထပ်ထွက်နိုင်ပါတယ်။
၆။ Reason for Leaving ကို သတိထားရေးပါ။
💁🏻♀️ အရင်အလုပ်ထွက်ရတဲ့အကြောင်းကို မကောင်းတဲ့စကားနဲ့ မရေးသင့်ပါဘူး။
👇🏻 မရေးသင့်တာတွေက
🔺 Boss မကောင်းလို့
🔺 Coworker မကောင်းလို့
🔺 Company မကောင်းလို့
🔺 အလုပ်မကြိုက်လို့
🔺 ပင်ပန်းလို့
👇🏻 ရေးလို့ကောင်းတဲ့ပုံစံတွေက
🔺 Seeking career growth
🔺 Seeking better opportunity
🔺 Contract completed
🔺 Career change
🔺 Relocated
🔺 Resigned for personal reasons
🔺 Looking for a role that better matches my experience
🤗 Professional ဖြစ်တဲ့အဖြေက Employer အမြင်မှာ ပိုကောင်းပါတယ်။
၇။ Reference ကို ခွင့်တောင်းပြီးပြီလား။
💁🏻♀️ Reference person ကို မတိုင်ပင်ဘဲ သူ့နာမည်၊ phone number, email မထည့်ပါနဲ့။
💁🏻♀️ Reference မပေးခင် အရင်ဆုံး ခွင့်တောင်းပါ။
👇🏻 မေးလို့ကောင်းတဲ့ message နမူနာ
မင်္ဂလာပါ Sir,
ကျွန်တော် အလုပ်အသစ်လျှောက်နေပါတယ်။ Employer ဘက်က Reference လိုအပ်လာရင် Sir ရဲ့နာမည်နဲ့ contact number ကို Reference အဖြစ် ပေးလို့ရမလားခင်ဗျာ။
Sir အဆင်ပြေမှသာ ပေးပါမယ်။
ကျေးဇူးတင်ပါတယ်။
🤗 Reference person ကို ကြိုပြောထားမှ Employer ဆက်သွယ်လာတဲ့အခါ သူတို့ဘက်ကလည်း အဆင်သင့်ဖြစ်ပါမယ်။
၈။ Salary Expectation ကို စဉ်းစားပြီးရေးထားလား။
💁🏻♀️ Salary expectation မေးရင် အရမ်းမြင့်မြင့် မရေးပါနဲ့။ အရမ်းနိမ့်နိမ့်လည်း မရေးပါနဲ့။
💁🏻♀️ Market rate, experience, job scope, working hours, company package တွေကို စဉ်းစားပါ။
👇🏻 ဖြေတဲ့ပုံစံ
🔺 Expected salary: Negotiable.
သို့မဟုတ်
🔺 Expected salary: $2,500 to $2,800, negotiable depending on job scope and company package.
🤗 Salary ကို fixed amount တစ်ခုတည်းရေးလိုက်ရင် negotiation လုပ်ဖို့နေရာနည်းသွားနိုင်ပါတယ်။
၉။ Available Start Date မှန်လား။
💁🏻♀️ “Date available for work” ဆိုတာ အလုပ်ဘယ်နေ့စနိုင်လဲဆိုတာပါ။
💁🏻♀️ လက်ရှိအလုပ်မရှိရင် Available immediately လို့ရေးနိုင်ပါတယ်။
👇🏻 လက်ရှိအလုပ်ရှိရင်
🔺 Available after 2 weeks notice
🔺 Available after 1 month notice
🔺 Available from 15 July 2026
🔺 Available after serving notice period လို့ရေးနိုင်ပါတယ်။
🤗 မသေချာတဲ့နေ့ကို မရေးပါနဲ့။
၁၀။ Online Form ဖြည့်ပြီးရင် ပြန်စစ်ပြီးပြီလား။
💁🏻♀️ Online Application တွေမှာ CV upload လုပ်လိုက်ရင် information auto fill ဖြစ်တတ်ပါတယ်။
💁🏻♀️ ဒါပေမယ့် အမြဲမှန်နေမယ်လို့ မထင်ပါနဲ့။
👇🏻 မှားနိုင်တာတွေက
🔺 Name မှားဝင်တာ
🔺 Phone number မပြည့်တာ
🔺 Company name မှားဝင်တာ
🔺 Job title မှားဝင်တာ
🔺 Employment date မှားတာ
🔺 Education information ပျက်တာ
🔺 Address format ပျက်တာ
🤗 Submit မလုပ်ခင် form တစ်ခုလုံးကို ပြန်စစ်ပါ။
🤗 Submit ပြီးသွားရင် တချို့ website တွေမှာ ပြန်ပြင်လို့မရနိုင်ပါဘူး။
၁၁။ CV File Name သပ်ရပ်လား။
💁🏻♀️ Employer ဆီ CV ပို့တဲ့အခါ file name ကိုလည်း သတိထားပါ။
👇🏻 မသင့်တော်တဲ့ file name များ
🔺 newcvfinal.pdf
🔺 cv123.pdf
🔺 myresumeedit.pdf
🔺 jobapply.pdf
🔺 copycv.pdf
👇🏻 သင့်တော်တဲ့ file name များ
🔺 May_Thu_CV_Admin_Assistant.pdf
🔺 Ko_Htet_Resume.pdf
🤗 File name သပ်ရပ်တာက professional ဖြစ်မှုကို ပြသပါတယ်။
၁၂။ Personal Information ကို သတိထားပေးထားလား။
💁🏻♀️ အလုပ်လျှောက်တဲ့အခါ personal information ပေးရတတ်ပါတယ်။
💁🏻♀️ ဒါပေမယ့် မယုံကြည်ရတဲ့ link, မသေချာတဲ့ agent, official မဟုတ်တဲ့ website တွေမှာ personal document မပို့သင့်ပါဘူး။
🚨 သတိထားရန်
🔺 Bank account ကို job offer မရခင် မပေးသင့်ပါ။
🔺 Passport copy ပို့မယ်ဆိုရင် ဘယ်သူ့ဆီပို့တာလဲ သေချာစစ်ပါ။
🔺 မယုံကြည်ရတဲ့ link မှာ form မဖြည့်ပါနဲ့။
🔺 Payment တောင်းတဲ့ job offer တွေကို သတိထားပါ။
🔺 Company official website ဟုတ်မဟုတ် စစ်ပါ။
🤗 အလုပ်ရှာတာအရေးကြီးသလို personal data လုံခြုံရေးလည်း အရေးကြီးပါတယ်။
၁၃။ Application Submit ပြီးရင် Record ထားပါ။
💁🏻♀️ အလုပ်အများကြီးလျှောက်တဲ့အခါ ဘယ်ကုမ္ပဏီကို ဘာ position လျှောက်ထားလဲ မေ့သွားနိုင်ပါတယ်။
💁🏻♀️ ဒါကြောင့် record ထားပါ။
👇🏻 မှတ်ထားသင့်တာတွေက
၁။ Company name
၂။ Position
၃။ Application date
၄။ Website (သို့မဟုတ်) platform
၅။ Contact person
၆။ Interview date
၇။ Follow up date
၈။ Result
၉။ Remark
🤗 Employer ဖုန်းဆက်လာတဲ့အခါ မိတ်ဆွေက ဘယ်အလုပ်အကြောင်းပြောနေတာလဲ ချက်ချင်းသိနိုင်ပါတယ်။
၁၄။ Job Application မပို့ခင် Self Check မေးခွန်းများ
💁🏻♀️ Application မပို့ခင် ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးပါ။
၁။ ငါ့ CV update ဖြစ်ပြီလား။
၂။ Phone number မှန်လား။
၃။ Email address မှန်လား။
၄။ Position name မှန်လား။
၅။ Employment history မှန်လား။
၆။ Reason for leaving ကို professional ဖြစ်အောင်ရေးထားလား။
၇။ Reference ကို ခွင့်တောင်းပြီးပြီလား။
၈။ Salary expectation ကို စဉ်းစားပြီးရေးထားလား။
၉။ Available date မှန်လား။
၁၀။ CV file name သပ်ရပ်လား။
၁၁။ Online form တစ်ခုလုံး ပြန်စစ်ပြီးပြီလား။
၁၂။ Submit ပြီးရင် confirmation သိမ်းထားမလား။
🤗 ဒီမေးခွန်းတွေကို “ဟုတ်ကဲ့” လို့ဖြေနိုင်ပြီဆိုရင် Application ပို့ဖို့ ပိုအဆင်သင့်ဖြစ်ပါပြီ။
၁၅။ အရေးကြီးဆုံး မှတ်သားရန်
💁🏻♀️ Job Application တစ်ခုက Employer ဆီ ကိုယ့်ကိုယ်ကို ပထမဆုံးမိတ်ဆက်တဲ့ document ဖြစ်ပါတယ်။
💁🏻♀️ CV ကောင်းတာတစ်ခုတည်း မလုံလောက်ပါဘူး။
🔺 Application Form မှန်ရမယ်။
🔺 Contact information မှန်ရမယ်။
🔺 Employment history မှန်ရမယ်။
🔺 Reference စနစ်တကျရှိရမယ်။
🔺 Salary expectation သင့်တော်ရမယ်။
🔺 Online form submit မလုပ်ခင် ပြန်စစ်ရမယ်။
🔺 Personal information ကို သတိထားပေးရမယ်။
🤗 အလုပ်လျှောက်တဲ့အခါ မြန်မြန်ပို့တာထက် မှန်မှန်ကန်ကန်ပို့တာ ပိုအရေးကြီးပါတယ်။
🤗 Professional Candidate ဆိုတာ အတွေ့အကြုံရှိတဲ့သူတစ်ယောက်တည်း မဟုတ်ပါဘူး။
🤗 အချက်အလက်တွေကို စနစ်တကျပြင်ဆင်တတ်သူ၊ ရိုးသားစွာဖြည့်တတ်သူ၊ သတိထားပြီး submit လုပ်တတ်သူလည်း ဖြစ်ပါတယ်။
🤗 အခွင့်အရေးက ပြင်ဆင်ထားသူဆီကို ပိုပြီး လွယ်လွယ်ရောက်လာတတ်ပါတယ်။
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
