| |

📌 Interview ဝင်တဲ့အချိန် မလုပ်သင့်တာ၊ လုပ်သင့်တာများ

📌 Interview ဝင်တဲ့အချိန် မလုပ်သင့်တာ၊ လုပ်သင့်တာများ

📫 Job Code: AACG-Intv0003

📄 Interview အောင်မြင်ဖို့ CV ကောင်းတာ၊ အတွေ့အကြုံရှိတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

အလုပ်ရှင်က မိတ်ဆွေ ဘာတွေတတ်လဲဆိုတာသာ မကြည့်ပါဘူး။

👉🏻 မိတ်ဆွေ ဘယ်လိုပြောလဲ၊ ဘယ်လိုနေထိုင်လဲ၊ လူတွေနဲ့ ဘယ်လိုဆက်ဆံလဲဆိုတာကိုလည်း သေချာကြည့်ပါတယ်။

၁။ အချိန်မီရောက်ပါ

✔️ Interview နောက်ကျတာက ပထမဆုံး impression ကို ထိခိုက်စေပါတယ်။
✔️ ဖြစ်နိုင်ရင် Interview အချိန်ထက် ၁၅ မိနစ်လောက် စောရောက်အောင် သွားပါ။
✔️ တကယ်လို့ မမျှော်လင့်ဘဲ နောက်ကျမယ်ဆိုရင် Interviewer ကို ကြိုတင်ဖုန်းဆက်ပြီး အကြောင်းကြားပါ။
✔️ နောက်ကျတာထက် အကြောင်းမကြားဘဲနောက်ကျတာက ပိုမကောင်းပါဘူး။

၂။ စတွေ့တာနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ

✔️ Interview room ထဲဝင်မှသာ Professional ဖြစ်ရမယ်လို့ မထင်ပါနဲ့။
✔️ Reception counter ကစပြီး မိတ်ဆွေကို လူတွေသတိထားနိုင်ပါတယ်။
✔️ Receptionist၊ Security၊ HR Assistant၊ Interviewer အားလုံးကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါ။
✔️ တစ်ခါတလေ Interviewer က Receptionist ကိုလည်း Candidate အပြုအမူ ဘယ်လိုလဲဆိုတာ ပြန်မေးတတ်ပါတယ်။

၃။ သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ရှိပါစေ

✔️ Interview မှာ အဝတ်အစားက ကိုယ့်အလုပ်အပေါ် serious ဖြစ်မှုကို ပြသပါတယ်။
✔️ အရမ်း casual ဖြစ်တဲ့ T shirt၊ shorts၊ slipper၊ မီးပူမတိုက်ထားတဲ့အဝတ်အစားတွေ ရှောင်ပါ။
✔️ အလုပ်အမျိုးအစားနဲ့ သင့်တော်တဲ့ သန့်ရှင်းသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုကို ရွေးပါ။
✔️ အလုပ်ရှင်က ကိုယ့်ကို မြင်တဲ့ ပထမဆုံး ၃၀ စက္ကန့်အတွင်းမှာ impression တစ်ခုရသွားတတ်ပါတယ်။

၄။ Handshake နဲ့ Eye Contact သတိထားပါ

✔️ Interviewer နဲ့တွေ့တဲ့အခါ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပါ။
✔️ Handshake လုပ်တဲ့အခါ အရမ်းမပျော့၊ အရမ်းမတင်းဘဲ သင့်တော်တဲ့ အားနဲ့လုပ်ပါ။
✔️ စကားပြောတဲ့အခါ မျက်လုံးချင်းဆိုင်ပြီး နားထောင်ပါ။
✔️ Eye contact က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်၊ စိတ်ဝင်စားတယ်၊ လေးစားမှုရှိတယ်ဆိုတာ ပြသနိုင်ပါတယ်။

၅။ ဖုန်းကို လုံးဝ Silent လုပ်ထားပါ

✔️ Interview ဝင်ခါနီး ဖုန်းကို silent mode သို့မဟုတ် power off လုပ်ထားပါ။
✔️ Vibration အသံတောင် Interview ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
✔️ Interview အတွင်း ဖုန်းကြည့်တာ၊ message စစ်တာ၊ call လက်ခံတာတွေ မလုပ်သင့်ပါဘူး။

၆။ အသံနေအသံထားကို သတိထားပါ

✔️ Interview မှာ ကိုယ့်အသံက ကိုယ့်စကားလုံးထက် ပိုပြီး impression ပေးတတ်ပါတယ်။
✔️ ဖြေတဲ့အခါ အလွန်တိုးတိုးလည်း မပြောပါနဲ့။ အလွန်မြန်မြန်လည်း မပြောပါနဲ့။
✔️ ရှင်းရှင်းလင်းလင်း၊ သင့်တော်တဲ့အသံနဲ့ ဖြေပါ။
✔️ မေးခွန်းမဖြေခင် ၃ စက္ကန့်လောက် စဉ်းစားပြီး ဖြေလို့ရပါတယ်။ ချက်ချင်းဖြေရမယ်ဆိုတဲ့ ဖိအားမထားပါနဲ့။

၇။ Filler words များတာ ရှောင်ပါ

✔️ Interview မှာ “အင်း”၊ “ဟို”၊ “အဲဒါ”၊ “you know”၊ “like” စတဲ့ စကားလုံးတွေ အရမ်းများရင် ကိုယ့်အဖြေက မသေချာသလို ဖြစ်နိုင်ပါတယ်။
✔️ အဖြေမသိလို့ စကားလုံးတွေဖြည့်ပြောတာထက် ခဏစဉ်းစားပြီး ရှင်းရှင်းပြောတာက ပိုကောင်းပါတယ်။

၈။ Body Language ကို ထိန်းပါ

✔️ စကားမပြောရသေးခင် ကိုယ့်ခန္ဓာကိုယ်အပြုအမူက Interviewer ကို message ပေးနေပါတယ်။
✔️ ထိုင်တဲ့အခါ မျက်နှာမပျက်ပါနဲ့။
✔️ အရမ်းလက်လှုပ်တာ၊ ခြေထောက်တုန်တာ၊ ဖုန်းကိုကိုင်နေတာ၊ မျက်နှာမဲ့နေတာတွေ ရှောင်ပါ။
✔️ နားထောင်တဲ့အခါ ခေါင်းငြိမ့်ပါ။ ပြုံးပါ။ စိတ်ဝင်စားမှုရှိကြောင်း ပြပါ။
✔️ Confidence ရှိတဲ့ candidate တစ်ယောက်လို နေထိုင်ပါ။

၉။ မေးခွန်းကို နားမလည်ရင် ပြန်မေးပါ

✔️ Interviewer မေးတဲ့မေးခွန်းကို နားမလည်ရင် မခန့်မှန်းပါနဲ့။
✔️ ယဉ်ယဉ်ကျေးကျေး ပြန်မေးနိုင်ပါတယ်။

ဥပမာ

“Sorry, could you please explain the question again?”
“May I confirm what you mean by that?” မေးခွန်းပြန်မေးတာဟာ အားနည်းချက်မဟုတ်ပါဘူး။ သေချာနားလည်ပြီး ဖြေချင်တာကို ပြသတာပါ။

၁၀။ ရိုးသားစွာ ဖြေပါ

✔️ Interview မှာ ကိုယ်မလုပ်ဖူးတဲ့အရာကို လုပ်ဖူးတယ်လို့ မပြောပါနဲ့။
✔️ Skill မရှိသေးရင်လည်း ရိုးသားစွာပြောပြီး သင်ယူချင်စိတ်ရှိကြောင်း ပြပါ။

ဥပမာ

“ဒီ system ကို မသုံးဖူးသေးပါဘူး။ ဒါပေမယ့် အရင်အလုပ်မှာ similar system သုံးဖူးတဲ့အတွက် မြန်မြန်လေ့လာနိုင်ပါတယ်။” ရိုးသားမှုနဲ့ သင်ယူချင်စိတ်က Employer အတွက် အရေးကြီးပါတယ်။

၁၁။ အဖြေကို တိုတိုရှင်းရှင်း ဖြေပါ


✔️ Interview မှာ မေးတဲ့မေးခွန်းကို တည့်တည့်ဖြေပါ။
✔️ အရမ်းရှည်ရှည်ပြောရင် အဓိကအချက်ပျောက်သွားနိုင်ပါတယ်။
✔️ Situation၊ ကိုယ့်လုပ်ဆောင်ချက်၊ Result ကို ရှင်းရှင်းပြောပါ။
✔️ မေးခွန်းတစ်ခုကို ဖြေတဲ့အခါ “အလုပ်ရှင်က ဘာသိချင်တာလဲ” ဆိုတာ စဉ်းစားပြီး ဖြေပါ။

၁၂။ မကောင်းတဲ့အကြောင်းအရာတွေ မပြောပါနဲ့

❌ အရင်အလုပ်ရှင်၊ အရင် supervisor၊ အရင် coworker အကြောင်း မကောင်းပြောတာ ရှောင်ပါ။
✔️ အလုပ်ဟောင်းက အခက်အခဲရှိခဲ့ရင်တောင် Professional ဖြစ်အောင် ပြောပါ။

ဥပမာ

“အရင်အလုပ်မှာ challenge တွေရှိခဲ့ပါတယ်။ အဲ့ဒီအတွေ့အကြုံကနေ communication နဲ့ patience ကို ပိုသင်ယူနိုင်ခဲ့ပါတယ်။” ဒီလိုပြောတာက ပိုကောင်းတဲ့ impression ပေးနိုင်ပါတယ်။

၁၃။ Interview အဆုံးမှာ ကျေးဇူးတင်ပါ

✔️ Interview ပြီးသွားတဲ့အခါ Interviewer ကို ကျေးဇူးတင်ကြောင်း ပြောပါ။

ဥပမာ

“Thank you for your time. I appreciate the opportunity to attend this interview.” နောက်ဆုံးအချိန်မှာလည်း ကိုယ့်စိတ်ဝင်စားမှုကို ပြန်ပြပါ။

ဥပမာ

“I am very interested in this position, and I hope to have the opportunity to contribute to your team.”

✨ အရေးကြီးဆုံး မှတ်သားရန်

Interview မှာ အလုပ်ရှင်က ကိုယ့်အတွေ့အကြုံကိုသာ မကြည့်ပါဘူး။
ကိုယ့် attitude၊ communication၊ respect၊ confidence၊ body language အားလုံးကို ကြည့်ပါတယ်။

CV က Interview room ထဲရောက်အောင် ကူညီနိုင်ပါတယ်။
ဒါပေမယ့် Interview Etiquette က အလုပ်ရဖို့ အခွင့်အရေးကို ပိုကောင်းစေနိုင်ပါတယ်။

Interview မဝင်ခင် ကိုယ့်အဖြေတွေကို လေ့ကျင့်ပါ။
အချိန်မီသွားပါ။
သပ်ရပ်စွာဝတ်ပါ။
ယဉ်ကျေးစွာပြောပါ။
ရိုးသားစွာဖြေပါ။
အပြုသဘောဆောင်တဲ့ attitude နဲ့ အဆုံးသတ်ပါ။

အလုပ်အခွင့်အရေးက ပြင်ဆင်ထားသူနဲ့ Professional ဖြစ်သူဆီကို ပိုပြီး လွယ်လွယ်ရောက်လာတတ်ပါတယ်။

🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။

🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More