စင်ကာပူရောက်မြန်မာနိုင်ငံသားများ မဖြစ်မနေချက်ချင်းကို ဝယ်ထားရမယ့် အာမခံ၄မျိုး

စင်ကာပူရောက်မြန်မာနိုင်ငံသားများ မဖြစ်မနေချက်ချင်းကို ဝယ်ထားရမယ့် အာမခံ၄မျိုး
🇸🇬 စင်ကာပူနိုင်ငံဟာ အစစအရာရာစျေးကြီးတယ်။
🧑🏻🦰 အခု Post လေးကို ကျွန်တော်အပါအဝင် စင်ကာပူရောက် မြန်မာနိုင်ငံသားအချို့ရဲ့ ဘဝနဲ့ ရင်းပြီးရခဲ့တဲ့ သင်ခန်းစာတွေအရ တင်ပြထားပါတယ်။
🔹 ပထမဆုံးအရေးတကြီးဝယ်ရမှာက ကျန်းမာရေးအာမခံပါ။
🩺 Hospital Plan လို့လည်း စင်ကာပူမှာ ခေါ်ကြတယ်။
👉🏻 စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားတွေ စင်ကာပူက ဆေးရုံတွေမှာ စျေးကြီး၍တက်မကုနိုင်သနိုင်လို့ ဒုက္ခရောက်ကြရတာ အများကြီးပါ။
🔹 ဒုတိယမြောက် အရေးတကြီး ဝယ်ရမည့်အာမခံက ကိုယ်ရေးကိုယ်တာ မတော်တဆမှုအာမခံ
💁🏻♀️ ဘယ်သူဌေးကမှ မြန်မာနိုင်ငံသားတွေ တာဝန်ချိန် ပြင်ပမှာ ထိခိုက်မှုကို တာဝန်ယူ ကုသမပေးပါဘူး။
💁🏻♀️ ဤအာမခံအမျိုးအစားသည် မတော်တဆသေဆုံးမှု၊ အမြဲတမ်း မသန်စွမ်းမှုနှင့် အလုပ်ပြင်ပမတော်တဆမှုများကြောင့် ဖြစ်ပေါ်လာသော ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များအတွက် အကျုံးဝင်ပါသည်။
🔹 တတိယမြောက် အရေးကြီးတဲ့ အာမခံကတော့ အသက်အာမခံပဲ ဖြစ်ပါတယ်။
👨👩👦👦 မိမိဟာ စင်ကာပူနိုင်ငံမှာ သေဆုံးသွားရင် မိမိရဲ့ဝင်ငွေကို မှိခိုနေရသူ မိသားစုတွေ ဆက်လက်ရပ်တည်နေထိုင်နိုင်ဖို့ပါ။
🔹 နောက်ဆုံးတစ်ခုကတော့ ခရီးသွားအာမခံ ဖြစ်ပါတယ်။
🌳 စင်ကာပူနိုင်ငံရောက် မြန်မာနိင်ငံသားတွေက အနည်းဆုံးတော့ မိမိဇာတိရပ်ရွာကို အလည်ပြန်မှာပါပဲ။ အချို့ကတော့ မရောက်ဖူးသေးတဲ့ နိုင်ငံတွေကို ခရီးသွားတာ ဝါသနာပါတယ်။
🧳 ခရီးသွား အာမခံထားရှိခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ခရီးစဥ်ဖျက်သိမ်းခြင်း၊ ခရီးဆောင်အိတ်ပျောက်ဆုံးခြင်းနှင့် သင်နိုင်ငံခြားတွင်ရှိစဥ် မမျှော်လင့်ထားသောဖြစ်ရပ်များအတွက် အကျုံးဝင်နိုင်ပါသည်။
📑 အာမခံများကို မဝယ်ယူမီ ၎င်းသည် သင်၏ သီးခြားလိုအပ်ချက်များနှင့် ဘတ်ဂျက်နှင့် ကိုက်ညီကြောင်း သေချာစေရန် မူဝါဒတစ်ခုစီ၏ အကျုံးဝင်မှု၊ ချန်လပ်မှုများ၊ ပရီမီယံများနှင့် စည်းကမ်းသတ်မှတ်ချက်များကို သေချာသုံးသပ်ပါ။
🚨 ထို့အပြင် သင်သည် ဆုံးဖြတ်ချက်များချရာတွင် ကူညီရန် အာမခံအေးဂျင့်များ (သို့မဟုတ်) ဘဏ္ဍရေးအကြံပေးများထံမှ အကြံဉာဏ်ရယူပါ။
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
