အလုပ်အင်တာဗျူးတွင် မိမိတောင်းဆိုမည့် လစာ (Expected Salary) ကို ပါးနပ်စွာ ညှိနှိုင်းနည်း။

အလုပ်အင်တာဗျူးတွင် မိမိတောင်းဆိုမည့် လစာ (Expected Salary) ကို ပါးနပ်စွာ ညှိနှိုင်းနည်း။
(၁) ကိုယ့် “Expected Salary” ကို အရင်တွက်ထားပါ။
-Market Range (ဈေးကွက်ပေါက်ဈေး)ကိုယ်လျှောက်တဲ့အလုပ်၊ experience နဲ့ location အလိုက် ပုံမှန်လစာနှုန်းကို
အရင်လေ့လာထားပါ။ Recruiter တွေလည်း ဈေးကွက်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်တတ်ပါတယ်။
-Target Salary (လိုချင်တဲ့လစာ) ကိုယ်ကျေနပ်နိုင်မယ့် realistic amount ကိုသတ်မှတ်ထားပါ။
-Walk-away Number (အနည်းဆုံးလက်ခံနိုင်မယ့်လစာ) ဒီအောက်ဆို လက်မခံနိုင်တဲ့ minimum သတ်မှတ်ထားပါ။
(၂) လစာကို “တစ်လုံးတည်း” မပြောပါနဲ့။ Range နဲ့ပြောပါ။
💸 လစာကို တိတိကျကျ တစ်ခုတည်းပြောရင် ညှိနှိုင်းဖို့ အခွင့်အရေး နည်းသွားနိုင်ပါတယ်။ Range နဲ့ပြောတာ ပိုပါးနပ်ပါတယ်။
❌ မကောင်းတဲ့ပုံစံ:
“၂၅ သိန်းပါ”
✅ ပိုကောင်းတဲ့ပုံစံ:
“ဒီ role ရဲ့ တာဝန်နဲ့ market rate ကိုကြည့်ရင်၂၃–၂၇ သိန်းဝန်းကျင်လောက်ဆို သင့်တော်မယ် ထင်ပါတယ်။ ဒါပေမယ့် overall package ပေါ်မူတည်ပြီး ညှိနှိုင်းလို့ရပါတယ်။”
(၃) လိုအပ်ချက်နဲ့မဟုတ်ဘဲ ကိုယ့် “တန်ဖိုး (Value)” နဲ့ပြောပါ။
💼 Recruiter တွေက “စရိတ်လိုလို့” ဆိုတာထက် ကိုယ့်ရဲ့ skill, experience နဲ့ အလုပ်မှာပေးနိုင်တဲ့ တန်ဖိုးကို ပိုအရေးထားတတ်ပါတယ်။
❌ မကောင်းတဲ့ပုံစံ:
“စရိတ်တက်လို့ လစာမြင့်ချင်တယ်”
✅ ပိုကောင်းတဲ့ပုံစံ:
“ကျွန်တော့် experience နဲ့ skill တွေအရ ဈေးကွက်လစာနှုန်းကိုကြည့်ပြီး ဒီအတိုင်း အတာလောက် မျှော်လင့်ထားပါတယ်။”
(၄) First Interview မှာ Salary မေးလာရင် Delay + Redirect လုပ်ပါ။
🤗 ချက်ချင်းနံပါတ်မပြောဘဲ အလုပ်တာဝန်ကို အရင်နားလည်အောင်လုပ်ပါ။
ပြောလို့ရတဲ့ပုံစံ:
“ဒီအလုပ်ရဲ့ တာဝန်နဲ့ မျှော်လင့်ချက်တွေကို ပိုနားလည်ပြီးမှ သင့်တော်တဲ့ လစာအကွာအဝေးကို ပြောချင်ပါတယ်။ ဒီ position အတွက် budget range ရှိပါသလား?”
(၅) Offer ရပြီးမှ ညှိနှိုင်းတာ အကောင်းဆုံး
“သင့်ကို ခန့်ချင်ပါတယ်” ဆိုတဲ့ offer ရပြီးနောက်မှာ ကုမ္ပဏီဘက်က ပိုပြီး flexibility ရှိတတ်ပါတယ်။
ဥပမာ:
“အလုပ်ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Role နဲ့ responsibility ကို စဉ်းစားပြီး market rate ကိုလည်းကြည့်တဲ့အခါ [X amount] ဝန်းကျင်အထိ ပြင်ဆင်ပေးနိုင်မလား ဆိုတာ ဆွေးနွေးချင်ပါတယ်။”
(၆) လစာမတိုးနိုင်ရင် Package ကို ညှိနှိုင်းပါ။
Base salary မတိုးနိုင်ရင်လည်း
-Bonus
-Training budget
-Flexible work
-Leave days စတဲ့ benefits တွေကို ညှိနှိုင်းလို့ရပါတယ်။
📌စင်ကာပူ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလိုပါက
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
