📌 Interview မဝင်ခင် ဘယ်လိုပြင်ဆင်မလဲ?

📌 Interview မဝင်ခင် ဘယ်လိုပြင်ဆင်မလဲ?
📞 Interview ခေါ်ခံရပြီဆိုတာ အလုပ်အခွင့်အရေးအတွက် ကောင်းတဲ့အဆင့်တစ်ခု ရောက်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
🤔 ဒါပေမယ့် Interview မဝင်ခင် ပြင်ဆင်မှုမရှိဘဲ ဝင်သွားရင် ကိုယ့်အရည်အချင်းရှိပေမယ့် ပြသနိုင်မှာ မဟုတ်ပါဘူး။
🙎🏼♀️ အလုပ်ရှင်က Interview မှာ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ပြောဆိုပုံ၊ အလုပ်နားလည်မှု၊ ကုမ္ပဏီနဲ့ကိုက်ညီမှုတွေကို ကြည့်ပါတယ်။
👉🏻 ဒါကြောင့် Interview မဝင်ခင် အောက်ပါအချက်တွေကို သေချာပြင်ဆင်ထားသင့်ပါတယ်။
⚡ LearnFree lesson မှာလည်း Interview မတိုင်ခင် company research၊ ဝတ်စားဆင်ယင်မှု၊ ယူသွားရမည့်အရာများ၊ မေးခွန်းဖြေပြင်ဆင်မှုနဲ့ STAR Method ကို အဓိကထားရှင်းပြထားပါတယ်။
၁။ ကုမ္ပဏီအကြောင်း လေ့လာပါ
✔️ Interview မဝင်ခင် ကိုယ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်း သိထားရပါမယ်။
✔️ ကုမ္ပဏီက ဘာလုပ်ငန်းလုပ်တာလဲ၊ ဘယ်လို service ပေးတာလဲ၊ customer တွေက ဘယ်သူတွေလဲ၊ competitor တွေက ဘယ်သူတွေလဲ၊ company culture က ဘယ်လိုလဲ ဆိုတာ လေ့လာထားပါ။
✔️ Interview မှာ “ကျွန်တော် ဒီကုမ္ပဏီအကြောင်း သိပါတယ်” ဆိုတာကို ပြနိုင်ရင် Employer ဘက်က ကိုယ့်ကို ပိုပြီး serious candidate အနေနဲ့ မြင်တတ်ပါတယ်။
၂။ Job Description ကို သေချာဖတ်ပါ
✔️ Job post ထဲမှာ Employer လိုချင်တဲ့ skill၊ experience၊ personality တွေ ပါတတ်ပါတယ်။
ဥပမာ-
Communication skill ကောင်းရမယ်
Teamwork ကောင်းရမယ်
Problem solving လုပ်နိုင်ရမယ်
Customer service experience ရှိရမယ်။ ဒီလိုအချက်တွေကို ဖတ်ပြီး ကိုယ့်အတွေ့အကြုံထဲက သက်ဆိုင်တဲ့ example တွေ ကြိုတင်စဉ်းစားထားပါ။
✔️ Interview မှာ “ဒီအလုပ်နဲ့ ကျွန်တော် ဘယ်လိုကိုက်ညီလဲ” ဆိုတာ ပြောနိုင်ဖို့ အရေးကြီးပါတယ်။
၃။ Interview နေရာကို ကြိုသိထားပါ
✔️ ဒီ Interview က အရင်က အလုပ်အတွေ့အကြုံတွေအပေါ် မေးတာများပါတယ်။
✔️ Interview နေ့မှ လိပ်စာရှာနေရင် နောက်ကျနိုင်ပါတယ်။
✔️ ဖြစ်နိုင်ရင် Interview မတိုင်ခင် နေရာကို Google Map နဲ့ ကြိုကြည့်ပါ။ သွားရမည့်လမ်း၊ MRT station၊ bus stop၊ ခရီးကြာချိန်ကို ကြိုတွက်ထားပါ။
✔️ Interview ကို နောက်ကျခြင်းက ပထမဆုံး impression ကို ထိခိုက်စေနိုင်ပါတယ်။
၄။ ဝတ်စားဆင်ယင်မှု သပ်ရပ်ပါစေ
✔️ Interview မှာ ပထမဆုံးမြင်ရတာက ကိုယ့်ရုပ်ပိုင်းဆိုင်ရာ presentation ပါ။
✔️ အရမ်း fancy ဖြစ်စရာမလိုပါဘူး။ သန့်ရှင်း၊ သပ်ရပ်၊ အလုပ်နဲ့သင့်တော်တဲ့ ဝတ်စားဆင်ယင်မှု ဖြစ်ဖို့ လိုပါတယ်။
❌ မဝတ်သင့်တာတွေက
Jeans အလွန် casual ဖြစ်တာ
T shirt အရမ်းပေါ့ပေါ့ပါးပါး ဖြစ်တာ
Sneaker အရမ်း sport look ဖြစ်တာ
အဝတ်အစား မီးပူမတိုက်ထားတာ
ဆံပင်၊ လက်သည်း မသပ်ရပ်တာ Employer က ကိုယ့်ဝတ်စားဆင်ယင်မှုကနေ ကိုယ့်အလုပ်အပေါ် serious ဖြစ်မှုကို ခန့်မှန်းတတ်ပါတယ်။
၅။ ယူသွားသင့်တဲ့အရာတွေ ကြိုပြင်ပါ
✔️ Interview သွားတဲ့အခါ အောက်ပါအရာတွေကို ဆောင်သွားသင့်ပါတယ်။
၁။ CV copy အပို ၂ စောင် သို့မဟုတ် ၃ စောင်
၂။ NRIC သို့မဟုတ် Passport copy
၃။ Certificate များ
၄။ Reference list ရှိရင် ယူသွားပါ
၅။ Pen နဲ့ notebook
၆။ Interviewer ဖုန်းနံပါတ်
၇။ Interview address
၈။ ကိုယ်မေးချင်တဲ့ မေးခွန်း list ဒီလိုပြင်ဆင်ထားရင် Interview room ထဲမှာ confidence ပိုရှိလာပါတယ်။
၆။ မေးလေ့ရှိတဲ့မေးခွန်းတွေ ကြိုလေ့ကျင့်ပါ
✔️ Interview မှာ မေးလေ့ရှိတဲ့ မေးခွန်းတွေက အများအားဖြင့် ဒီလိုတွေပါ။
Tell me about yourself.
What are your strengths?
What is your weakness?
Why do you want this job?
Why should we hire you?
What is your previous work experience?
How do you handle problems at work? ဒီမေးခွန်းတွေကို အရင်ကတည်းက ကြိုတင်လေ့ကျင့်ထားရင် Interview room ထဲမှာ စိတ်လှုပ်ရှားမှု လျော့သွားပါတယ်။
၇။ STAR Method နဲ့ ဖြေတတ်အောင် ပြင်ဆင်ပါ
✔️ Behavioral Interview မေးခွန်းတွေမှာ STAR Method သုံးပြီးဖြေရင် အဖြေက ပိုရှင်းပါတယ်။
STAR ဆိုတာ
S က Situation
အခြေအနေကို ပြောပါ။
T က Task
ကိုယ့်တာဝန်က ဘာလဲဆိုတာ ပြောပါ။
A က Action
ကိုယ်ဘာလုပ်ခဲ့လဲဆိုတာ ပြောပါ။
R က Result
အဆုံးသတ်ရလဒ်က ဘာဖြစ်ခဲ့လဲဆိုတာ ပြောပါ။
ဥပာမာ-
“အလုပ်မှာ customer complaint တစ်ခုကို ဘယ်လိုဖြေရှင်းခဲ့ဖူးလဲ” လို့ မေးရင်
အခြေအနေ ဘာဖြစ်ခဲ့လဲ
ကိုယ့်တာဝန်က ဘာလဲ
ကိုယ်ဘယ်လိုလုပ်ခဲ့လဲ
ရလဒ်က ဘယ်လိုကောင်းသွားလဲ ဒီပုံစံနဲ့ ဖြေရင် Employer နားလည်လွယ်ပြီး ကိုယ့်အရည်အချင်းကို ပိုမြင်နိုင်ပါတယ်။
၈။ ကိုယ်မေးချင်တဲ့မေးခွန်းတွေ ပြင်ထားပါ
✔️ Interview ဆိုတာ Employer က ကိုယ့်ကိုမေးတာတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ကလည်း ဒီအလုပ်က ကိုယ့်အတွက် သင့်တော်လားဆိုတာ ပြန်မေးရမယ့်အချိန်ပါ။
မေးလို့ကောင်းတဲ့မေးခွန်းတွေက
ဒီ position ရဲ့ အဓိကတာဝန်က ဘာလဲ
ပထမ ၃ လအတွင်း ဘာတွေကို ဦးစားပေးလုပ်ရမလဲ
Team ထဲမှာ ဘယ်သူတွေနဲ့ အနီးကပ်အလုပ်လုပ်ရမလဲ
ဒီ role မှာ success ဖြစ်ဖို့ ဘာတွေလိုအပ်လဲ
Training ရှိလား
အလုပ်အကြောင်းမေးတဲ့သူကို Employer က စိတ်ဝင်စားမှုရှိတဲ့ candidate လို့ မြင်တတ်ပါတယ်။
၉။ Salary နဲ့ Benefit ကို အချိန်မတန်ခင် မမေးပါနဲ့
✔️ Interview အစပိုင်းမှာ salary၊ benefit၊ off day၊ allowance တွေကိုပဲ အဓိကထားမေးရင် Employer ဘက်က မကောင်းတဲ့ impression ရနိုင်ပါတယ်။
✔️ အလုပ်အကြောင်း၊ တာဝန်အကြောင်း၊ company expectation အကြောင်းကို အရင်မေးပါ။
✔️ Salary နဲ့ benefit က offer stage ရောက်မှ သေချာဆွေးနွေးတာ ပိုသင့်တော်ပါတယ်။
၁၀။ Interview မတိုင်ခင် ကိုယ့်ကိုယ်ကို ပြန်လေ့ကျင့်ပါ
Mirror ရှေ့မှာ ပြောလေ့ကျင့်ပါ။
မိတ်ဆွေနဲ့ mock interview လုပ်ပါ။
ကိုယ့် CV ကို ပြန်ဖတ်ပါ။
အရင်အလုပ်အတွေ့အကြုံထဲက example ကောင်း ၃ ခု ပြင်ထားပါ။
အလုပ်နဲ့ဆိုင်တဲ့ skill တွေကို သေချာမှတ်ထားပါ။ ပြင်ဆင်မှုရှိတဲ့ candidate နဲ့ မပြင်ဆင်ထားတဲ့ candidate ကို Employer က ချက်ချင်းခွဲခြားမြင်နိုင်ပါတယ်။
⭐ အရေးကြီးဆုံး မှတ်သားရန်
Interview အောင်မြင်ချင်ရင် luck တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
ပြင်ဆင်မှုလိုပါတယ်။
ကုမ္ပဏီအကြောင်း လေ့လာပါ။
Job Description ကို နားလည်ပါ။
CV ကို ပြန်ဖတ်ပါ။
မေးလေ့ရှိတဲ့မေးခွန်းတွေ လေ့ကျင့်ပါ။
ကိုယ့်အတွေ့အကြုံကို STAR Method နဲ့ ပြောနိုင်အောင် ပြင်ဆင်ပါ။
⚡ Interview ဆိုတာ ကိုယ့်အရည်အချင်းကို Employer မြင်အောင် ပြသရမယ့် အခွင့်အရေးပါ။
✨ အခွင့်အရေးက ပြင်ဆင်ထားသူဆီကို ပိုပြီး လွယ်လွယ်ရောက်တတ်ပါတယ်။
🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
