စင်ကာပူမှာ Boss နဲ့ အဆင်ပြေအောင် ဘယ်လိုဆက်ဆံမလဲ?

စင်ကာပူမှာ Boss နဲ့ အဆင်ပြေအောင် ဘယ်လိုဆက်ဆံမလဲ?
🇸🇬 စင်ကာပူမှာ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုတင်မကဘဲ Boss နဲ့ Professional Relationship ကောင်းမွန်ဖို့လည်း အရေးကြီးပါတယ်။
💁🏻♀️ Boss နဲ့ အဆင်ပြေတဲ့ ဝန်ထမ်းဟာ အလုပ်လုပ်ရတာ ပိုအဆင်ပြေပြီး အခွင့်အလမ်းအသစ်တွေလည်း ပိုရနိုင်ပါတယ်။
၁။ အချိန်ကို တန်ဖိုးထားပါ။
🕑 စင်ကာပူအလုပ်ခွင်မှာ Punctuality (အချိန်မှန်မှု) ကို အရမ်းအလေးထားပါတယ်။
♦️ အလုပ်ချိန်မတိုင်ခင် ၅-၁၀ မိနစ် ကြိုရောက်ပါ။
♦️ နောက်ကျမယ့်အခြေအနေရှိရင် Boss ကို ကြိုတင်အကြောင်းကြားပါ။
♦️ Meeting ရှိရင် အချိန်မှန်တက်ပါ။
🤗 Boss တွေအတွက် အချိန်မှန်တဲ့ ဝန်ထမ်းဟာ ယုံကြည်ရသူတစ်ယောက် ဖြစ်ပါတယ်။
၂။ ပေးထားတဲ့တာဝန်ကို တာဝန်ယူပါ။
💁🏻♀️ Boss က တာဝန်ပေးရင်
♦️ အချိန်မီပြီးအောင်လုပ်ပါ။
♦️ မသိတာရှိရင် ခန့်မှန်းမလုပ်ဘဲ မေးပါ။
♦️ ပြီးသွားရင် Update ပြန်ပေးပါ။
“Done.” လို့တစ်ခွန်းတည်းပြောတာထက်
“Boss, I have completed the task. Please let me know if any changes are needed.”
လိုမျိုး ပြောတာက ပို Professional ဖြစ်ပါတယ်။
၃။ အမှားလုပ်မိရင် ဝန်ခံပါ။
💁🏻♀️ လူတိုင်း အမှားလုပ်တတ်ပါတယ်။
👇🏻 အရေးကြီးတာက
♦️ အပြစ်မလွှဲပါနဲ့။
♦️ အကြောင်းပြချက်များများ မပေးပါနဲ့။
♦️ ဘယ်လိုပြင်မယ်ဆိုတာကိုပါ ပြောပါ။
🤗 ဥပမာ
“I’m sorry, Boss. I made a mistake. I’ve corrected it and I’ll be more careful next time.”
ဒီလိုပြောတာက ယုံကြည်မှုကို တိုးစေပါတယ်။
၄။ Respect ရှိစွာ ပြောဆိုဆက်ဆံပါ။
💁🏻♀️ Boss နဲ့ ရင်းနှီးလာရင်တောင်
♦️ ယဉ်ကျေးစွာပြောပါ။
♦️ အသံမကျယ်ပါနဲ့။
♦️ စကားမဖြတ်ပါနဲ့။
🤗 Professional Respect က ရေရှည်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။
၅။ ပြဿနာထက် ဖြေရှင်းနည်းကို ယူလာပါ။
💁🏻♀️ Boss တွေက
“Problem” ကိုပဲ ပြောတဲ့သူထက်
“Solution” ပါ ယူလာတဲ့သူကို ပိုသဘောကျပါတယ်။
🤗 ဥပမာ
❌ “Boss, Machine broken.”
✅ “Boss, Machine stopped. I checked the power and informed maintenance.”
၆။ Feedback ကို လက်ခံတတ်ရပါမယ်။
💁🏻♀️ Boss က ဝေဖန်တဲ့အခါ
♦️ စိတ်မဆိုးပါနဲ့။
♦️ အငြင်းမပွားပါနဲ့။
♦️ သင်ယူဖို့ အခွင့်အရေးလို့ သဘောထားပါ။
🤗 ဒီလိုလုပ်တာက ကိုယ့်ရဲ့ Professionalism ကို ပြသပေးပါတယ်။
၇။ ရိုးသားမှုကို ထိန်းသိမ်းပါ။
♦️ Attendance မလိမ်ပါနဲ့။
♦️ MC အတုမသုံးပါနဲ့။
♦️ OT ကို မမှန်မကန် မတောင်းပါနဲ့။
🤗 ရိုးသားတဲ့ ဝန်ထမ်းကို Boss တွေက ရေရှည်ယုံကြည်လေ့ရှိပါတယ်။
၈။ အလုပ်မှာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ထားပါ။
♦️ Complaints များလွန်းတာကို ရှောင်ပါ။
♦️ Teamwork ကောင်းကောင်းလုပ်ပါ။
♦️ ကူညီနိုင်ရင် ကူညီပါ။
🤗 Positive Attitude က Skill ထက်တောင် တစ်ခါတစ်ရံ ပိုတန်ဖိုးရှိပါတယ်။
၉။ Communication ကောင်းပါစေ။
💁🏻♀️ Boss ကို
♦️ မပျောက်သွားပါနဲ့။
♦️ Progress Update ပေးပါ။
♦️ မပြီးနိုင်ရင် ကြိုပြောပါ။
🤗 အလုပ်မပြီးတာထက် မပြောတာက ပိုပြဿနာဖြစ်တတ်ပါတယ်။
၁၀။ Boss ကို အထင်ကြီးအောင် မလုပ်ပါနဲ့၊ ယုံကြည်အောင် လုပ်ပါ။
💁🏻♀️ Boss တွေ လိုချင်တာက
♦️ ယုံကြည်ရတဲ့ ဝန်ထမ်း
♦️ တာဝန်ယူတတ်တဲ့ ဝန်ထမ်း
♦️ အချိန်မှန်တဲ့ ဝန်ထမ်း
♦️ အလုပ်ပြီးမြောက်တဲ့ ဝန်ထမ်း
📌 ဒီအချက်တွေကို လိုက်နာနိုင်ရင် Boss က သင့်ကို ပိုယုံကြည်လာပြီး Promotion၊ Salary Increment နဲ့ အခွင့်အရေးအသစ်တွေ ရဖို့ အလားအလာလည်း ပိုများလာနိုင်ပါတယ်။
🔺 နိဂုံး
Boss နဲ့ အဆင်ပြေဖို့ဆိုတာ ဖားတာ (flattery) မဟုတ်ပါဘူး။ Professionalism၊ တာဝန်ယူမှု၊ ရိုးသားမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု တွေကို နေ့စဉ်အလုပ်ထဲမှာ ပြသနိုင်တာက ပိုအရေးကြီးပါတယ်။ ဒီအရည်အသွေးတွေက Boss နဲ့ ဆက်ဆံရေးကောင်းမွန်စေရုံသာမက ကိုယ့်ရဲ့ Career ကိုလည်း ရေရှည်တိုးတက်စေပါတယ်။
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
