📌 ခွင့်ပြန်လာမယ့် မြန်မာလုပ်သားများအတွက် စာရွက်စာတမ်း ပြင်ဆင်နည်း

📌 ခွင့်ပြန်လာမယ့် မြန်မာလုပ်သားများအတွက် စာရွက်စာတမ်း ပြင်ဆင်နည်း
⭐ ခွင့်ပြန်လာမည့်သူများ၊ OWIC ပြန်လုပ်မည့်သူများ၊ ပြန်ထွက်ခွာခွင့် လျှောက်ရမည့်သူများအတွက် အရေးကြီးသော အသိပေးချက် ဖြစ်ပါတယ်။
👉🏻 မြန်မာပြည်ပြန်ရောက်မှ စာရွက်စာတမ်း မပြည့်စုံလို့ အချိန်ကုန်ခြင်း၊ ရုံးကိစ္စ နောက်ကျခြင်း၊ ပြန်ထွက်ရမည့်နေ့မီအောင် မလုပ်နိုင်ခြင်း မဖြစ်ရအောင် ပြည်ပမှာရှိနေစဉ်ကတည်းက လိုအပ်နိုင်တဲ့ စာရွက်စာတမ်းတွေကို တစ်ခါတည်း ပြည့်စုံအောင် ပြင်ဆင်ယူလာကြပါ။
📍 ပြန်လာမည့်သူများ ကြိုတင်ပြင်ဆင်ထားသင့်သောအရာများ
၁။ Passport မိတ္တူ
၂။ OWIC မိတ္တူ ရှိပါက ရှေ့နောက် နှစ်ဖက်
၃။ Work Permit / Residence Visa / Stay Permit / သက်ဆိုင်ရာနိုင်ငံမှ နေထိုင်ခွင့် အထောက်အထား
၄။ Air Ticket မိတ္တူ
၅။ အလုပ်ရှင်နှင့် သက်ဆိုင်သော အထောက်အထားများ ရှိပါက တစ်ခါတည်းယူလာပါ
၆။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးသက္ကရာဇ်နှင့် ကိုယ်ရေးအချက်အလက်များ မှန်ကန်မှုကို ကြိုတင်စစ်ဆေးထားပါ
✔️ မြန်မာပြည်ရောက်တာနဲ့ OWIC / ပြန်ထွက်ခွာခွင့် လိုအပ်တဲ့ကိစ္စတွေကို အချိန်မဆွဲဘဲ တန်းတင်ပါ။ တင်ပြီးမှ မိမိနေရပ်ကို ပြန်သွားတာ ပိုအဆင်ပြေပါတယ်။
✔️ နောက်ရက်မှာ မိမိနေထိုင်ရာ မြို့နယ် လဝကရုံးကို သွားပြီး UID / e ID / Smart Card ဆိုင်ရာ ကိစ္စကို ကိုယ်တိုင် ဆောင်ရွက်ပါ။
✔️ UID လုပ်တဲ့အခါ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စတဲ့အချက်အလက်တွေ မှန်ကန်ဖို့ အရမ်းအရေးကြီးပါတယ်။
✔️ အချက်အလက်မှန်ရင် တစ်နေ့တည်းနဲ့ အဆင်ပြေနိုင်ပေမယ့် အမည်မှား၊ မွေးသက္ကရာဇ်မှား၊ မှတ်ပုံတင်အမှတ်မှား၊ နေရပ်လိပ်စာမှားတာရှိရင် ပြင်ရတာ အချိန်ကြာနိုင်ပါတယ်။
✔️ OWIC လုပ်ဖို့ UID လိုအပ်နိုင်တဲ့အတွက် အနားနီးမှ UID သွားလုပ်ပြီး အချက်အလက်မှားနေမှ သိရင် ပြန်ထွက်ရမည့်နေ့ မမီတော့တာမျိုး ဖြစ်နိုင်ပါတယ်။
📍 ဒါကြောင့် ခွင့်ပြန်လာမည့်သူများအနေနဲ့
✅ ပြည်ပမှာရှိတုန်း စာရွက်စာတမ်းတွေ ပြည့်စုံအောင် စုပါ
✅ မြန်မာပြည်ရောက်တာနဲ့ ရုံးကိစ္စကို အရင်တန်းတင်ပါ
✅ နေရပ်ပြန်ရောက်တာနဲ့ လဝကမှာ UID ကို မနှောင့်နှေးဘဲ သွားလုပ်ပါ
✅ ကိုယ်ရေးအချက်အလက်မှန်ကန်မှုကို သေချာစစ်ပါ
✅ ပြန်ထွက်ခွာမည့်နေ့နီးမှ မစလုပ်ပါနဲ့
✨ အချိန်မီ ပြင်ဆင်ထားရင် ရုံးကိစ္စလည်း အဆင်ပြေမယ်။ ပြန်ထွက်ခွာရမည့်နေ့လည်း မထိခိုက်နိုင်ပါ။
⚡ ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာညီအစ်ကိုမောင်နှမများ အားလုံး စာရွက်စာတမ်းကိစ္စတွေကို ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။
🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
