📌 Interview ဝင်ခါနီး သိထားသင့်တဲ့ Interview အမျိုးအစားများ

📌 Interview ဝင်ခါနီး သိထားသင့်တဲ့ Interview အမျိုးအစားများ
📄 အလုပ်လျှောက်ပြီး CV ကို Employer ဘက်က စိတ်ဝင်စားလာပြီဆိုရင် Interview ခေါ်လာတတ်ပါတယ်။
🤗Interview ဆိုတာ Employer က မိတ်ဆွေရဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ ပြောဆိုဆက်ဆံပုံနဲ့ အလုပ်နဲ့ကိုက်ညီမှု ရှိမရှိ စစ်ဆေးတဲ့ အဆင့်ပါ။
🙍🏻♀️ တစ်ဖက်မှာလည်း မိတ်ဆွေကိုယ်တိုင်က ဒီကုမ္ပဏီ၊ ဒီအလုပ်၊ ဒီပတ်ဝန်းကျင်က ကိုယ့်အတွက် သင့်တော်လားဆိုတာ ပြန်လည်လေ့လာနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
👉🏻 Interview အမျိုးအစားတွေက ဘာတွေလဲ
၁။ Screening Interview
💻 ပထမဆုံး အဆင့် Interview ဖြစ်ပါတယ်။ ဖုန်းနဲ့ မေးတာများပြီး HR က မိတ်ဆွေကို နောက်အဆင့် Interview သို့ တက်သင့်မတက်သင့် စစ်ဆေးတဲ့ Interview ဖြစ်ပါတယ်။
💰 ဒီအဆင့်မှာ မိတ်ဆွေရဲ့ အခြေခံအချက်အလက်၊ အတွေ့အကြုံ၊ လစာမျှော်မှန်းချက်၊ အလုပ်စတင်နိုင်မည့်နေ့ စတာတွေကို မေးတတ်ပါတယ်။
၂။ Group Interview
✔️ တစ်ယောက်ထက်ပိုတဲ့ Interviewer များနဲ့ တွေ့ရတဲ့ Interview ဖြစ်ပါတယ်။
✔️ Manager၊ Supervisor၊ HR၊ Team Member စတဲ့သူတွေ ပါနိုင်ပါတယ်။
✔️ ဒီလို Interview မှာ မိတ်ဆွေရဲ့ ပြောဆိုဆက်ဆံပုံ၊ ယုံကြည်မှု၊ Team နဲ့ အလုပ်လုပ်နိုင်မှုကို ကြည့်တတ်ပါတယ်။
၃။ Behavioral Interview
✔️ ဒီ Interview က အရင်က အလုပ်အတွေ့အကြုံတွေအပေါ် မေးတာများပါတယ်။
ဥပမာ-
“အလုပ်မှာ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းခဲ့ဖူးလဲ”
“Team နဲ့ အဆင်မပြေတဲ့အချိန် ဘယ်လိုလုပ်ခဲ့လဲ”
“Customer Complaint ကို ဘယ်လိုကိုင်တွယ်ခဲ့လဲ” ဒီလိုမေးခွန်းတွေမှာ အတွေ့အကြုံအမှန်ကို သေချာ၊ တိုတို၊ ရှင်းရှင်း ပြောနိုင်ဖို့လိုပါတယ်။
၄။ Skill Test Interview
✔️ အလုပ်နဲ့ပတ်သက်တဲ့ Skill ကို လက်တွေ့ပြခိုင်းတဲ့ Interview ဖြစ်ပါတယ်။
ဥပမာ-
Driver အလုပ်ဆိုရင် Driving Skill
Cook အလုပ်ဆိုရင် Cooking Skill
Admin အလုပ်ဆိုရင် Computer Skill
Security အလုပ်ဆိုရင် Incident Handling နဲ့ Communication Skill ဒီအဆင့်မှာ ပြောတတ်တာထက် လုပ်ပြနိုင်တာက ပိုအရေးကြီးပါတယ်။
၅။ Lunch သို့မဟုတ် Dinner Interview
✔️ စားသောက်ရင်း Interview လုပ်တာမျိုးပါ။
🍽️ ဒီလို Interview မှာ စားသောက်ပုံ၊ ပြောဆိုပုံ၊ လူမှုဆက်ဆံရေး၊ စိတ်နေစိတ်ထားကိုလည်း ကြည့်တတ်ပါတယ်။
🔇 အစားအသောက်ကို ရိုးရိုးရှင်းရှင်းမှာပါ။ အလွန်အကျွံ မပြောပါနဲ့။
❌ အလုပ်နဲ့ပတ်သက်တဲ့ စကားကို အဓိကထားပါ။
၆။ Full Day Interview
✔️ တစ်နေ့လုံးအချိန်ယူပြီး Department များစွာနဲ့ တွေ့ရတဲ့ Interview ဖြစ်ပါတယ်။
✔️ ကုမ္ပဏီကြီးတွေ၊ Senior Position တွေမှာ ဒီလို Interview မျိုးရှိတတ်ပါတယ်။
✔️ မိတ်ဆွေကို အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုကိုက်ညီနိုင်မလဲဆိုတာ စစ်ဆေးကြပါတယ်။
၇။ Follow Up Interview
✔️ ပထမ Interview ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်ခေါ်တဲ့ Interview ဖြစ်ပါတယ်။
✔️ Employer က မိတ်ဆွေအကြောင်း ပိုသိချင်တာ၊ Final Candidate တွေကို နှိုင်းယှဉ်ချင်တာ၊ လစာနဲ့ အလုပ်အခြေအနေ ပြောချင်တာတွေကြောင့် Follow Up Interview ခေါ်တတ်ပါတယ်။
📌 Interview ဝင်တဲ့အခါ သတိထားရမယ့် အချက်များ
၁။ Interviewer ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါ။
၂။ CV Copy အပို ဆောင်ထားပါ။
၃။ မေးခွန်းတွေကို ရိုးသားစွာ၊ ရှင်းလင်းစွာ ဖြေပါ။
၄။ နားမလည်တဲ့မေးခွန်းရှိရင် ပြန်မေးပါ။
၅။ ကိုယ်တိုင်လည်း အလုပ်အကြောင်း မေးခွန်းပြန်မေးပါ။
၆။ Interview ပြီးရင် ကျေးဇူးတင်ကြောင်း ပြောပါ။
၇။ လိုအပ်ရင် Thank You Message ပို့ပါ။
⚡ အရေးကြီးဆုံး မှတ်သားရန်
Interview ဆိုတာ Employer က ကိုယ့်ကို ရွေးချယ်တဲ့နေရာတစ်ခုတည်း မဟုတ်ပါဘူး။
ကိုယ်တိုင်ကလည်း ဒီအလုပ်၊ ဒီကုမ္ပဏီ၊ ဒီပတ်ဝန်းကျင်က ကိုယ့်အနာဂတ်အတွက် သင့်တော်လားဆိုတာ စဉ်းစားရမယ့် အချိန်လည်း ဖြစ်ပါတယ်။
အလုပ်ရချင်တာနဲ့တင် မလုံလောက်ပါဘူး။ ကိုယ်နဲ့ကိုက်တဲ့အလုပ်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။
Interview ဝင်ခါနီးတိုင်း ကြိုတင်ပြင်ဆင်ပါ။ ကိုယ့်အတွေ့အကြုံကို သေချာစဉ်းစားထားပါ။ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုပါ။
✨ အလုပ်ရှာနေတဲ့ မိတ်ဆွေများအတွက် အကြံပြုချက်
Interview မဝင်ခင် ကိုယ့် CV ကို ပြန်ဖတ်ပါ။
ကိုယ်လျှောက်တဲ့ Position ရဲ့ Job Scope ကို နားလည်အောင်လုပ်ပါ။
အရင်အလုပ်အတွေ့အကြုံထဲက ဥပမာကောင်း ၃ ခုလောက် ကြိုတင်ပြင်ထားပါ။
အခွင့်အရေးက ပြင်ဆင်ထားသူဆီကို ပိုပြီး လွယ်လွယ်ရောက်တတ်ပါတယ်။
🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
