Work Pass သက်တမ်းတိုးခြင်း (Renewal) လုပ်ငန်းစဉ် အဆင့်ဆင့်။

Work Pass သက်တမ်းတိုးခြင်း (Renewal) လုပ်ငန်းစဉ် အဆင့်ဆင့်။
🇸🇬 MOM official information အရ Work Permit renewal ကို expiry မတိုင်မီ 7 to 12 weeks အတွင်း employer သို့ appointed EA က online တင်နိုင်ပြီး outcome က immediate ဖြစ်နိုင်ပါတယ်။
🇸🇬 S Pass renewal ကို expiry မတိုင်မီ up to 6 months အတွင်းတင်နိုင်ပြီး EP eService မှတစ်ဆင့် processed or given an update within 10 business days လို့ ဖော်ပြထားပါတယ်။
🇸🇬 EP renewal ကိုလည်း အများအားဖြင့် expiry မတိုင်မီ up to 6 months အတွင်းတင်နိုင်ပြီး myMOM Portal မှတစ်ဆင့် processed or given an update within 10 business days ဖြစ်ပါတယ်။
📑 Work Pass သက်တမ်းတိုးခြင်းအကြောင်း သိထားသင့်တဲ့အချက်များ
🔸 Singapore မှာ အလုပ်လုပ်နေသူတွေအတွက် Work Pass သက်တမ်းတိုးခြင်းက အရေးကြီးပါတယ်။ Pass expiry နီးမှ စိတ်ပူပြီး လုပ်တာထက် ကြိုတင်ပြင်ဆင်ထားရင် အလုပ်ရှင်ဘက်ရော အလုပ်သမားဘက်ရော အဆင်ပြေပါတယ်။
🚨 အရေးကြီးဆုံး သိထားရန်
🔸 Work Pass renewal ကို အများအားဖြင့် အလုပ်ရှင် (သို့မဟုတ်) Agent က တင်ပေးရပါတယ်။ Pass holder ကိုယ်တိုင်လုပ်ရတဲ့ process မဟုတ်တာများပါတယ်။
🔸 Pass အမျိုးအစားမတူရင် renewal period, fee, requirement, processing time တွေ မတူနိုင်ပါတယ်။
၁။ Work Permit သက်တမ်းတိုးခြင်း
🔹 Work Permit အတွက် renewal ကို expiry မတိုင်မီ 7 to 12 weeks အတွင်း တင်နိုင်ပါတယ်။
👇🏻 Renewal မတင်ခင် အလုပ်ရှင်ဘက်က အဓိကစစ်ရမယ့်အချက်တွေကတော့
🔸 Quota ရှိမရှိ
🔸 Worker ရဲ့ passport validity လုံလောက်မလောက်
🔸 Security bond လိုအပ်မလိုအပ်
🔸 Medical insurance သက်တမ်းရှိမရှိ
🔸 Primary Care Plan လိုအပ်မလိုအပ်
🔸 Worker ရဲ့ address နဲ့ mobile number update ဖြစ်မဖြစ်
💁🏻♀️ Work Permit renewal outcome က အများအားဖြင့် online မှာ immediate သိနိုင်ပါတယ်။ သို့သော် document, quota, insurance, bond စတဲ့အချက်တွေ မပြည့်စုံရင် delay ဖြစ်နိုင်ပါတယ်။
၂။ S Pass သက်တမ်းတိုးခြင်း
🔹 S Pass renewal ကို expiry မတိုင်မီ up to 6 months အတွင်း စတင်တင်နိုင်ပါတယ်။
👇🏻 S Pass renewal အတွက် အလုပ်ရှင်ဘက်က စစ်ရမယ့်အချက်တွေကတော့
🔸 S Pass quota လုံလောက်မလောက်
🔸 Candidate က eligibility requirement ပြည့်မပြည့်
🔸 Passport validity လုံလောက်မလောက်
🔸 Company information update ဖြစ်မဖြစ်
🔸 Primary Care Plan လိုအပ်မလိုအပ်
💁🏻♀️ S Pass ကို စောစော renewal တင်တာကြောင့် လက်ရှိ pass ရဲ့ ကျန်နေတဲ့ရက်တွေ မဆုံးရှုံးပါ။ Renewed pass duration က လက်ရှိ pass expiry နေ့ကနေ စတင်ပါလိမ့်မယ်။
၃။ Employment Pass သက်တမ်းတိုးခြင်း
🔹 Employment Pass renewal ကို အများအားဖြင့် expiry မတိုင်မီ up to 6 months အတွင်း တင်နိုင်ပါတယ်။
👇🏻 EP renewal အတွက် စစ်ရမယ့်အချက်တွေကတော့
🔸 EP qualifying salary ပြည့်မပြည့်
🔸 Candidate ရဲ့ role က managerial, executive သို့မဟုတ် specialised job ဖြစ်မဖြစ်
🔸 COMPASS requirement လိုအပ်မလိုအပ်
🔸 Company turnover information update ဖြစ်မဖြစ်
🔸 Passport validity လုံလောက်မလောက်
💁🏻♀️ EP renewal က approved ဖြစ်ရင် IPA letter ရရှိပြီး၊ IPA instruction အတိုင်း pass issuance ဆက်လုပ်ရပါတယ်။
🫴🏻 အလုပ်သမားဘက်က ဘာတွေပြင်ထားသင့်လဲ။
🔸 Passport သက်တမ်းကို စောစောစစ်ပါ။
🔸 အိမ်လိပ်စာပြောင်းထားရင် update လုပ်ထားပါ။
🔸 ဖုန်းနံပါတ်မှန်ကန်အောင်ထားပါ။
🔸 Employer သို့ EA က document တောင်းရင် အချိန်မီပေးပါ။
🔸 Pass expiry date ကို ကိုယ်တိုင်လည်း မှတ်ထားပါ။
🔸 Expiry နီးလာရင် employer သို့ HR ကို polite reminder ပေးပါ။
🚨 သတိထားရန် 🚨
🔹 Pass expiry ကျော်သွားမှ renewal လုပ်တာက အန္တရာယ်များပါတယ်။ Late renewal ဖြစ်ရင် levy penalty, overstaying fine, new pass application ပြန်တင်ရခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
🔹 Passport သက်တမ်းနီးနေပြီဆိုရင် pass renewal မတင်ခင် passport renewal ကို အရင်စဉ်းစားသင့်ပါတယ်။ Passport validity မလုံလောက်ရင် renewed pass duration က ပိုတိုသွားနိုင်ပါတယ်။
📑 အနှစ်ချုပ်
🔹 Work Pass renewal ကို နောက်ဆုံးရက်နီးမှ မစောင့်ပါနဲ့။ ကိုယ့် pass အမျိုးအစားက Work Permit, S Pass, Employment Pass ဘာလဲဆိုတာ အရင်သိပါ။ ပြီးရင် employer သို့ HR သို့ Employment Agent နဲ့ စောစောဆက်သွယ်ပြီး document တွေကို ပြင်ဆင်ထားပါ။
🔹 Singapore မှာ အလုပ်ဆက်လုပ်ချင်ရင် Work Pass expiry date ကို အမြဲသတိထားပါ။ စောစောပြင်ဆင်တာက အလုပ်အကိုင်တည်ငြိမ်မှုအတွက် အရေးကြီးပါတယ်။
🔹 မှတ်ချက်။ MOM rule, fee, processing time တွေက အချိန်နဲ့အမျှ ပြောင်းနိုင်ပါတယ်။ သက်တမ်းတိုးမတင်ခင် MOM official website မှာ latest information ကို ပြန်စစ်ပါ။
📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
