စင်ကာပူမှာ အလုပ်လုပ်ရင်း အခွန် (Tax) ကိစ္စ ဘယ်လိုဆောင်ရွက်ရမလဲ။

စင်ကာပူမှာ အလုပ်လုပ်ရင်း အခွန် (Tax) ကိစ္စ ဘယ်လိုဆောင်ရွက်ရမလဲ။

📑 စင်ကာပူမှာ အလုပ်လုပ်နေရင် အခွန် (Tax) ကိစ္စကို အဓိက IRAS (Inland Revenue Authority of Singapore) က စီမံပါတယ်။

၁။ ဘယ်သူတွေ Tax ဆောင်ရမလဲ?

💰 စင်ကာပူမှာ အလုပ်လုပ်ပြီး ဝင်ငွေရှိသူအများစု tax နဲ့ ပတ်သက်ပါတယ်။

🫴🏻 အထူးသဖြင့်

🔹 လစာ (Salary) ရသူ
🔹 Bonus ရသူ
🔹 Commission / Incentive ရသူ
🔹 Side income (Part-time / Freelance) ရသူ

၂။ Tax Resident ဆိုတာဘာလဲ?

🗓️ တစ်နှစ်အတွင်း စင်ကာပူမှာ 183 ရက်နဲ့အထက် နေ/အလုပ်လုပ်ထားရင် အများအားဖြင့် Tax Resident လို့ သတ်မှတ်ပါတယ်။

🫴🏻 Tax Resident ဖြစ်ရင်

🔹 Income နည်းရင် tax နည်း
🔹 Income များရင် tax % တိုး

🫴🏻 Non-Resident ဖြစ်ရင်

💁🏻‍♀️ အများအားဖြင့်

🔹 15% သို့မဟုတ်
🔹 Resident rate
🔹 ဘယ်ဟာများလဲ အဲဒါနဲ့တွက် ပါတယ်။

၃။ Tax ဘယ်အချိန်တင်ရမလဲ?

🥰 နှစ်တိုင်း ပုံမှန်အားဖြင့် March မှ April ကြား tax filing လုပ်ရပါတယ်။

💻 Online ကနေ submit လုပ်နိုင်ပါတယ်။
🌐 IRAS myTax Portal

၄။ Employer က လုပ်ပေးလား?

☺️ ကုမ္ပဏီတချို့က AIS (Auto-Inclusion Scheme) သုံးပါတယ်။

🫴🏻 AIS ပါရင်—

🔹 Company က salary data ကို IRAS ကို ပို့ပေးတတ်ပါတယ်။
🔹 သင် filing လုပ်တာ ပိုလွယ်သွားပါတယ်။

၅။ Tax ဘယ်လောက်ကျနိုင်လဲ?

🫴🏻 ဥပမာ

🔹 Annual income S$20,000 အောက် → Tax မရှိနိုင်
🔹 Annual income S$40,000 – 60,000 → Tax စတင်ရှိလာ
🔹 Income ပိုများလေ → Tax ပိုများလေ

🔹 ဥပမာ တစ်လ S$3,500 ရရင်
🔹 တစ်နှစ် = S$42,000 လောက်
🔹 Relief ပေါ်မူတည်ပြီး tax နည်းနည်းပဲ ကျနိုင်ပါတယ်။

၆။ အလုပ်ထွက်မယ်ဆို?

🫴🏻 သင်က foreign worker (EP / S Pass / Work Permit) ဖြစ်ပြီး စင်ကာပူကနေ ပြန်ထွက်မယ်ဆို Tax Clearance (IR21) လုပ်ရနိုင်ပါတယ်။

📌 နေ့စဥ် စင်ကာပူအလုပ်အသစ်များကို
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More