မြန်မာအလုပ်သမားများ စင်ကာပူတွင် အိမ်ငှားရာတွင် (HDB Rental Rules) သိထားသင့်သည့်အချက်များ

မြန်မာအလုပ်သမားများ စင်ကာပူတွင် အိမ်ငှားရာတွင် (HDB Rental Rules) သိထားသင့်သည့်အချက်များ

🏠 စင်ကာပူရှိ HDB (public housing) အိမ်/အခန်း ငှားနေမည့် မြန်မာအလုပ်သမားများအတွက် HDB Rental Rules ကို သိထားဖို့ အရေးကြီးပါတယ်။ မသိဘဲ နေမိရင် ဒဏ်ငွေ၊ နှင်ထုတ်ခံရမှု၊ Work Pass ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

📌 အဓိကသိထားသင့်တဲ့အချက်တွေက –

(၁) HDB မှာ “Registered Tenant” ဖြစ်ရမယ်။

💁🏻‍♀️ အိမ်ရှင်က သင့်နာမည်ကို HDB system ထဲမှာ တရားဝင် register လုပ်ထားရပါတယ်။ Contract ရှိတာတစ်ခုတည်းနဲ့ မလုံလောက်ပါ။ HDB-approved tenant မဟုတ်ဘဲ နေထိုင်ရင် တရားမဝင်နေထိုင်မှု ဖြစ်နိုင်ပါတယ်။

(၂) လူဦးရေကန့်သတ်ချက် (Staying Capacity)

💁🏻‍♀️ HDB flat တစ်ခန်းမှာ နေထိုင်နိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်ထားပါတယ်။ Overcrowding မဖြစ်ရပါ။

🔸 1–2 room flat: အများဆုံး 4 ယောက်
🔸 3-room flat: အများဆုံး 6 ယောက်
🔸 4-room နှင့် အထက်: အများဆုံး 8 ယောက် (2028 အထိ)

🫸🏻 အခန်းငှားတဲ့အခါ “10 ယောက်နေတယ်၊ စျေးသက်သာတယ်” ဆိုတာမျိုးတွေ သတိထားပါ။တရားမဝင်ဖြစ်နိုင်ပါတယ်။

(၃) တရားဝင် Work Pass / Stay Permit ရှိရမယ်။

💁🏻‍♀️ နိုင်ငံခြားသား tenant တွေ (မြန်မာအလုပ်သမားအပါအဝင်) ဟာ valid Work Permit, S Pass, EP စတာတွေရှိရပြီး pass validity အနည်းဆုံး 6 လကျန်တာ လိုအပ်ပါတယ်။ Tourist visa နဲ့ HDB ငှားနေခွင့် မရှိပါ။

(၄) အိမ်ကို ပြန်မငှားရ။ (No Subletting)

💁🏻‍♀️ သင်ငှားထားတဲ့အခန်းကို ကိုယ်တိုင် တခြားသူကို ပြန်ငှားပေးတာ မလုပ်ရပါ။ Registered tenant မဟုတ်တဲ့သူတွေကို ခေါ်နေခိုင်းတာလည်း ပြဿနာဖြစ်နိုင်ပါတယ်။

(၅) သန့်ရှင်းရေးနှင့် အိမ်စည်းကမ်း

💁🏻‍♀️ HDB မှာ နေတဲ့အခါ

🧹 Common area ကို သန့်ရှင်းထားရပါမယ်။
🗣️ ဆူညံသံ၊ အနံ့ဆိုး၊ အိမ်နီးချင်းကို အနှောင့်အယှက်မဖြစ်စေရ။
⚡ မီးဖို၊ လျှပ်စစ်ပစ္စည်းတွေကို စည်းကမ်းနဲ့သုံးရပါမယ်။

(၆) အနည်းဆုံး ၆ လ ငှားရပါမယ်။

💁🏻‍♀️ HDB အိမ် (သို့မဟုတ်) အခန်းကို အချိန်ပိုင်းငှားခြင်းမျိုး မရပါ။ အနည်းဆုံး ၆ လကြာ ငှားရပါမယ်။

📝 အကြံပြုချက်: အိမ်မပြောင်းခင် “HDB registered tenant ဖြစ်မဖြစ်” ကို အိမ်ရှင်ကို မေးပါ။ စျေးအရမ်းသက်သာပြီး လူများလွန်းတဲ့ flat တွေကို သတိထားပါ။ Contract + HDB registration နှစ်ခုလုံးရှိတာ ပိုလုံခြုံပါတယ်။


📌စင်ကာပူ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလိုပါက
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။


🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More