| |

📌 အွန်လိုင်းပေါ်က အလုပ်အင်တာဗျူး (Zoom / Microsoft Teams) ဖြေရင် ဘာတွေပြင်ဆင်ရမလဲ?

📌 အွန်လိုင်းပေါ်က အလုပ်အင်တာဗျူး (Zoom / Microsoft Teams) ဖြေရင် ဘာတွေပြင်ဆင်ရမလဲ?

💻 ယနေ့ခေတ်မှာ စင်ကာပူအလုပ်ရှင်အများစုက အလုပ်လျှောက်ထားသူများကို Zoom, Microsoft Teams, Google Meet စတဲ့ Online Platform တွေကနေ အင်တာဗျူးလုပ်လေ့ရှိပါတယ်။

💡 Online Interview ဖြစ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆ မဖြေသင့်ပါဘူး။

👉🏻 ဒါကြောင့် ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။

Internet Connection ကို စစ်ဆေးထားပါ။

Interview စတင်ချိန်မှာ Internet လိုင်းကျတာ၊ အသံပြတ်တောက်တာမျိုး မဖြစ်စေရန် Wi-Fi သို့မဟုတ် Mobile Data ကို ကြိုတင်စစ်ဆေးထားပါ။

Camera နှင့် Microphone ကို စမ်းသပ်ထားပါ။

Interview မတိုင်ခင် Camera၊ Microphone နှင့် Speaker များ ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း စမ်းသပ်ထားပါ။

🎤 အသံမထွက်ခြင်း
🎥 Camera မပွင့်ခြင်း စတဲ့ ပြဿနာများ မဖြစ်စေရန် ကြိုတင်စစ်ဆေးသင့်ပါတယ်။

တိတ်ဆိတ်ပြီး အနှောင့်အယှက်မရှိသော နေရာကိုရွေးထားပါ။

Interview ဖြေနေချိန်မှာ

❌ TV အသံ
❌ လူများစကားပြောသံ
❌ ကလေးငယ်များ၏ ဆူညံသံ တို့ကြောင့် အာရုံပျက်နိုင်ပါတယ်။

တတ်နိုင်သမျှ တိတ်ဆိတ်ပြီး အလင်းရောင်ကောင်းတဲ့ နေရာကို ရွေးချယ်ပါ။

Professional ဖြစ်တဲ့ အဝတ်အစား ဝတ်ဆင်ပါ။

Online Interview ဖြစ်ပေမယ့် Face-to-Face Interview လိုပဲ သေသပ်သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်သင့်ပါတယ်။

👔 သပ်ရပ်သော အသွင်အပြင်က ပထမဆုံး Impression ကောင်းတစ်ခု ဖန်တီးပေးနိုင်ပါတယ်။

CV နှင့် Job Description ကို ပြန်ဖတ်ထားပါ။

Interview မတိုင်ခင်

📄 ကိုယ်ပို့ထားတဲ့ CV
📄 အလုပ်ခေါ်စာ (Job Description) တို့ကို ပြန်လည်ဖတ်ရှုထားပါ။

Employer မေးလာတဲ့ မေးခွန်းတွေကို ပိုမိုတိကျစွာ ဖြေနိုင်ပါလိမ့်မယ်။

Company Research လုပ်ထားပါ။

အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကို

🔹 ဘာလုပ်ငန်းလုပ်သလဲ
🔹 ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲ
🔹 ဘယ်လောက်ကြာ လည်ပတ်နေပြီလဲ စတာတွေကို လေ့လာထားပါ။

ဒါက သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ ပြင်ဆင်မှုကို Employer ထံ ပြသနိုင်ပါတယ်။

အချိန်မီဝင် Interview Link ထဲဝင် Join ထားပါ။

Interview Link ကို ကြိုတင်ဖွင့်ထားပြီး Interview စမည့်အချိန်မတိုင်မီ 5-10 မိနစ်ခန့် စောစော Join ဝင်ထားပါ။

⏰ အချိန်တိကျခြင်းက Professionalism ကို ပြသနိုင်ပါတယ်။

ယုံကြည်မှုရှိရှိ ပြောဆိုပါ။

😊 Camera ကို ကြည့်ပြီး ပြောပါ
😊 မျက်နှာကိုပြုံးထားပါ
😊 မေးခွန်းများကို ရှင်းလင်းစွာ ဖြေဆိုပါ

Confidence ရှိရှိ ပြောဆိုနိုင်ခြင်းက Interview အောင်မြင်ဖို့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

🌟 Online Interview အောင်မြင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများသာမက မိမိကိုယ်ကို ယုံကြည်မှုရှိရှိ တင်ပြနိုင်ဖို့လည်း အရေးကြီးပါတယ်။

မှန်ကန်တဲ့ ပြင်ဆင်မှုတွေက သင့်ကို အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေနဲ့ ပိုနီးစပ်စေပါတယ်။

🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။

🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More