အလုပ်ရှင်အသစ်ဆီ ပြောင်းချင်ပေမယ့် Permit ပျက်ပြီး အိမ်ပြန်ရမှာ စိုးရိမ်နေပါသလား?

အလုပ်ရှင်အသစ်ဆီ ပြောင်းချင်ပေမယ့် Permit ပျက်ပြီး အိမ်ပြန်ရမှာ စိုးရိမ်နေပါသလား?

🚨 အလုပ်ရှင်အသစ်ဆီ ပြောင်းချင်ပေမယ့် Permit ပျက်ပြီး အိမ်ပြန်ရမှာ စိုးရိမ်နေပါသလား?

☺️ စင်ကာပူမှာ အလုပ်လုပ်နေရင်း လက်ရှိအလုပ်ရှင်နဲ့ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ လစာပိုကောင်းတဲ့နေရာ ပြောင်းချင်လို့ပဲဖြစ်ဖြစ် အလုပ်ပြောင်း (Transfer) ချင်ပေမယ့်… ဥပဒေတွေ သေချာမသိလို့ ခေါင်းခဲနေပြီလား?

💳 “ကတ်အဖျက်ခံလိုက်ရရင် ဒုက္ခပဲ” ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုရင်တော့ အမှားအယွင်းမရှိ တရားဝင် ဘယ်လိုပြောင်းရမလဲဆိုတာကို အလွယ်ကူဆုံး ရှင်းပြပေးပါမယ်။

❌ အလုပ်ပြောင်းမယ့်သူတိုင်း မဖြစ်မနေ သိထားရမယ့် (ရွှေစည်းမျဉ်း ၃ ချက်)

🔹 Permit ကို ကြိုမဖျက်ပါနဲ့: အလုပ်ရှင်သစ်က Permit အသစ် (Issue) မလုပ်ရသေးခင် လက်ရှိအလုပ်ရှင်က လုံးဝ (လုံးဝ) Cancel လုပ်လို့ မရပါဘူး။ ကြိုဖျက်မိရင် Transfer မရဘဲ အိမ်ပြန်ရတတ်ပါတယ်။

🔹 Permit အသစ်မထွက်ခင် အလုပ်မစပါနဲ့။ ခွင့်ပြုချက် (IPA) ကျရုံနဲ့ အလုပ်သစ်ကို သွားမလုပ်ပါနဲ့ဦး။ Permit ကတ်အသစ် Issue လုပ်ပြီးမှသာ ပြောင်းလုပ်ရပါမယ်။

🔹 Part-time ခိုးမလုပ်ပါနဲ့။ အလုပ်ပြောင်းနေတဲ့ ကြားကာလမှာ အခြားနေရာတွေမှာ အချိန်ပိုင်း ဝင်လုပ်တာဟာ MOM ဥပဒေအရ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပါတယ်။

💳 ကိုယ်ကိုင်ထားတဲ့ ကတ်အမျိုးအစားအလိုက် ဘယ်လိုပြောင်းရမလဲ?

💁🏻‍♀️ ၁။ အိမ်အကူ (MDW) များအတွက်

🔸 လက်ရှိအလုပ်ရှင်က Transfer ပေးဖို့ သဘောတူ (Consent Form ထိုးပေး) ရပါမယ်။

🔸 စာရွက်စာတမ်းရှုပ်ထွေးမှုနဲ့ အလုပ်ရှင်အသစ်ရှာရခက်တဲ့ အပိုင်းတွေကိုတော့ ကျွန်တော်တို့လို အေဂျင်စီတွေကနေတစ်ဆင့် ချိတ်ဆက်ပြောင်းလဲတာ အလုံခြုံဆုံးပါ။

🏭 ၂။ စက်ရုံနှင့် အခြားကဏ္ဍမှ (Work Permit) ကိုင်ဆောင်သူများ

🔹 အလုပ်ရှင်သဘောတူရင် သက်တမ်းဘယ်လောက်ကျန်ကျန် အချိန်မရွေး ပြောင်းနိုင်ပါတယ်။

🔹 အလုပ်ရှင်သဘောမတူရင် (40-21 Days Rule): မိမိ Permit သက်တမ်းကုန်ဖို့ ရက် ၄၀ မှ ၂၁ ရက်အတွင်း ရောက်နေပြီဆိုရင်တော့ အလုပ်ရှင်ရဲ့ ခွင့်ပြုချက်မလိုဘဲ အလုပ်သစ်ကို တိုက်ရိုက်ပြောင်းခွင့် ရှိပါတယ်။

🫴🏻 ၃။ S Pass နှင့် Employment Pass (EP) ကိုင်ဆောင်သူများ

❇️ လက်ရှိအလုပ်ရှင်ရဲ့ သဘောတူညီချက် (Consent) တောင်းစရာ မလိုပါဘူး။

❇️ အလုပ်ရှင်အသစ်က ကတ်အသစ်လျှောက်ပေးလို့ ခွင့်ပြုချက် (IPA) ကျလာမှသာ လက်ရှိအလုပ်ကို နုတ်ထွက်စာ (Resignation) တင်ပါ။

🤝🏻 အလုပ်ပြောင်းဖို့ အခက်အခဲ ဖြစ်နေပြီလား?

ကျွန်တော်တို့အနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကို တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ အလုပ်အကိုင်ရှာဖွေရေး (Employment Agency) ဝန်ဆောင်မှုကို အဓိကထား လုပ်ဆောင်ပေးနေတာပါ။ MOM လိုင်စင်ရထားပြီးသားဖြစ်လို့ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ်။

🌐 နေ့စဉ် စင်ကာပူအလုပ်အကိုင်အသစ်များကို www.alexcg.com.sg တွင်ကြည့်ရှုနိုင်ပါတယ်။

🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More