စင်ကာပူတွင် အလုပ်ခွင်ထိခိုက်ဒဏ်ရာရလျှင် (WICA) အာမခံ လျော်ကြေးတောင်းခံနည်း

စင်ကာပူတွင် အလုပ်ခွင်ထိခိုက်ဒဏ်ရာရလျှင် (WICA) အာမခံ လျော်ကြေးတောင်းခံနည်း
🤗 စင်ကာပူမှာ အလုပ်ခွင်ထိခိုက်ဒဏ်ရာရရင် WICA အောက်မှာ ဆေးကုသစရိတ်၊ နားရက်လစာ (MC wages) နဲ့ ထိခိုက်မှုလျော်ကြေး တောင်းနိုင်ပါတယ်။
(၁) ထိခိုက်ဒဏ်ရာရတာနဲ့ employer ကို ချက်ချင်းပြောပါ။
🔺 အလုပ်လုပ်နေစဉ် ဒဏ်ရာရခဲ့တာ၊ အလုပ်ကြောင့်ဖြစ်တဲ့ရောဂါရှိတာဆိုရင် employer (boss/HR/supervisor) ကို အမြန်ဆုံး အသိပေးသင့်ပါတယ်။
🔺 အလုပ်မှာ ထိခိုက်ဒဏ်ရာရတာကို boss (သို့မဟုတ်) ကုမ္ပဏီကို အသိပေးပြီးတာနဲ့ WICA လျော်ကြေးတောင်းတဲ့ process
စလုပ်နိုင်ပါတယ်။
(၂) ဆေးခန်း/ဆေးရုံသွားပြီး record လုပ်ထားပါ။
Doctor ကို “work injury” ဖြစ်တယ်လို့ ပြောပါ။
📄 အောက်ကစာရွက်တွေ သိမ်းထားပါ။
– ဆရာဝန်ပေးတဲ့ နားရက်စာရွက် (MC)
– ဆေးကုသစရိတ် ဘောင်ချာ/ပြေစာများ
– ဓာတ်မှန်၊ ဆေးစစ်ချက်အစီရင်ခံစာ
– ဆရာဝန်ရောဂါအမည်သတ်မှတ်ချက် = ဆရာဝန်အမည် နှင့် ရောဂါ အမည် သတ်မှတ်ချက်
– ထိခိုက်မှုဖြစ်စဉ်ဓာတ်ပုံ (သို့မဟုတ်) မျက်မြင်သက်သေ (ရှိပါက)
ဒီ evidence တွေက claim အတွက် အရေးကြီးပါတယ်။
(၃) Employer က MOM / insurer ကို report လုပ်ထားသလား စစ်ပါ။
အလုပ်ခွင် accident report ပို့ပြီးရင် သင့်ဆီကို case reference ပါတဲ့စာ (သို့) insurer letter လာနိုင်ပါတယ်။
အဲဒီနံပါတ်နဲ့ claim status စစ်နိုင်ပါတယ်။
(၄) Claims processing form ကို ဖြည့်ပါ။
Insurer (သို့) MOM (Ministry of Manpower) WICA page ကနေ claim processing form ရနိုင်ပါတယ်။
✅ Form မှာ
– ပျမ်းမျှလစာ ပမာဏ
– ထိခိုက်ဒဏ်ရာ အသေးစိတ်အချက်အလက်
– မတော်တဆမှု ဘယ်လိုဖြစ်ခဲ့သလဲ။
– ဘယ်နေရာမှာ ဖြစ်ခဲ့သလဲ စသည်တို့ကို confirm လုပ်ရပါတယ်။
(၅) Deadline ကို သတိထားပါ။
ပုံမှန်အားဖြင့် accident ဖြစ်တဲ့နေ့ကနေ ၁ နှစ်အတွင်း WICA claim process ဆောင်ရွက်ရပါတယ်။
နောက်ကျရင် claim မရနိုင်ပါ။
🫴🏻 ဘာ compensation တွေ ရနိုင်လဲ?
WICA အောက်မှာ ပုံမှန်အားဖြင့်
– ဆေးခွင့် (MC) ယူထားစဉ် ရရှိမည့် လစာ
– ဆေးကုသစရိတ်များ
– အမြဲတမ်း မသန်စွမ်းမှု/ဒဏ်ရာကျန်ရှိပါက ရရှိမည့် လျော်ကြေး
– သေဆုံးမှုဖြစ်ပါက မိသားစုမှ တောင်းခံနိုင်သော လျော်ကြေး တို့ ပါဝင်နိုင်ပါတယ်။
❌ Employer က မကူညီဘူး / ခြိမ်းခြောက်တယ်ဆိုရင်?
သင့် employer က report မလုပ်ဘူး၊ passport/work permit ကိစ္စနဲ့ဖိအားပေးတယ်၊ ဒဏ်ရာကိုဖုံးဖိဖို့ပြောတယ်ဆိုရင်
MOM ကို တိုက်ရိုက် confidentially ဆက်သွယ်နိုင်ပါတယ်။
😇 work pass cancel ဖြစ်သွားတာတောင် claim လုပ်ခွင့်ရှိနိုင်ပါတယ်။
📌 စင်ကာပူ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလိုပါက
🌐 www.alexcg.com.sg တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။
အေးဂျင့်ခ သက်သာပါတယ်။
လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။
Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။
(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။
