အလုပ်အင်တာဗျူးတွင် မိမိတောင်းဆိုမည့် လစာ (Expected Salary) ကို ပါးနပ်စွာ ညှိနှိုင်းနည်း။

အလုပ်အင်တာဗျူးတွင် မိမိတောင်းဆိုမည့် လစာ (Expected Salary) ကို ပါးနပ်စွာ ညှိနှိုင်းနည်း။

(၁) ကိုယ့် “Expected Salary” ကို အရင်တွက်ထားပါ။

-Market Range (ဈေးကွက်ပေါက်ဈေး)
ကိုယ်လျှောက်တဲ့အလုပ်၊ experience နဲ့
location အလိုက် ပုံမှန်လစာနှုန်းကို
အရင်လေ့လာထားပါ။ Recruiter တွေလည်း
ဈေးကွက်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်တတ်ပါတယ်။

-Target Salary (လိုချင်တဲ့လစာ)
ကိုယ်ကျေနပ်နိုင်မယ့် realistic amount ကို
သတ်မှတ်ထားပါ။

-Walk-away Number (အနည်းဆုံးလက်ခံနိုင်မယ့်လစာ)
ဒီအောက်ဆို လက်မခံနိုင်တဲ့ minimum
သတ်မှတ်ထားပါ။

(၂) လစာကို “တစ်လုံးတည်း” မပြောပါနဲ့။
Range နဲ့ပြောပါ။


💸 လစာကို တိတိကျကျ တစ်ခုတည်းပြောရင်
ညှိနှိုင်းဖို့ အခွင့်အရေး နည်းသွားနိုင်ပါတယ်။
Range နဲ့ပြောတာ ပိုပါးနပ်ပါတယ်။

❌ မကောင်းတဲ့ပုံစံ:
“၂၅ သိန်းပါ”

✅ ပိုကောင်းတဲ့ပုံစံ:
“ဒီ role ရဲ့ တာဝန်နဲ့ market rate ကိုကြည့်ရင်
၂၃–၂၇ သိန်းဝန်းကျင်လောက်ဆို သင့်တော်မယ်
ထင်ပါတယ်။ ဒါပေမယ့် overall package
ပေါ်မူတည်ပြီး ညှိနှိုင်းလို့ရပါတယ်။”

(၃) လိုအပ်ချက်နဲ့မဟုတ်ဘဲ
ကိုယ့် “တန်ဖိုး (Value)” နဲ့ပြောပါ။


💼 Recruiter တွေက “စရိတ်လိုလို့” ဆိုတာထက်
ကိုယ့်ရဲ့ skill, experience နဲ့ အလုပ်မှာပေးနိုင်တဲ့
တန်ဖိုးကို ပိုအရေးထားတတ်ပါတယ်။

❌ မကောင်းတဲ့ပုံစံ:
“စရိတ်တက်လို့ လစာမြင့်ချင်တယ်”

✅ ပိုကောင်းတဲ့ပုံစံ:
“ကျွန်တော့် experience နဲ့ skill တွေအရ
ဈေးကွက်လစာနှုန်းကိုကြည့်ပြီး ဒီအတိုင်း
အတာလောက် မျှော်လင့်ထားပါတယ်”

(၄) First Interview မှာ Salary မေးလာရင်
Delay + Redirect လုပ်ပါ။


🤗 ချက်ချင်းနံပါတ်မပြောဘဲ အလုပ်တာဝန်ကို
အရင်နားလည်အောင်လုပ်ပါ။

ပြောလို့ရတဲ့ပုံစံ:
“ဒီအလုပ်ရဲ့ တာဝန်နဲ့ မျှော်လင့်ချက်တွေကို
ပိုနားလည်ပြီးမှ သင့်တော်တဲ့ လစာအကွာအဝေးကို
ပြောချင်ပါတယ်။ ဒီ position အတွက် budget
range ရှိပါသလား?”

(၅) Offer ရပြီးမှ ညှိနှိုင်းတာ အကောင်းဆုံး

“သင့်ကို ခန့်ချင်ပါတယ်” ဆိုတဲ့ offer ရပြီးနောက်မှာ
ကုမ္ပဏီဘက်က ပိုပြီး flexibility ရှိတတ်ပါတယ်။


ဥပမာ:
“အလုပ်ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Role နဲ့ responsibility ကို စဉ်းစားပြီး market rate
ကိုလည်းကြည့်တဲ့အခါ [X amount] ဝန်းကျင်အထိ
ပြင်ဆင်ပေးနိုင်မလား ဆိုတာ ဆွေးနွေးချင်ပါတယ်။”

(၆) လစာမတိုးနိုင်ရင် Package ကို ညှိနှိုင်းပါ။

Base salary မတိုးနိုင်ရင်လည်း
-Bonus
-Training budget
-Flexible work
-Leave days
စတဲ့ benefits တွေကို ညှိနှိုင်းလို့ရပါတယ်။

🚨 ကျွန်တော့်ဆီ တိုက်ရိုက်လျှောက်ပါ။

❤️ အေးဂျင့်ခ သက်သာပါတယ်။

👍 လိုင်စင်မရှိတဲ့အေးဂျင့်အတုအလိမ်အညာ ရန်မှ ကင်းဝေးစေပါမယ်။

Alex Aung
MOM လိုင်စင်ရ တရားဝင်အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
WhatsApp / Viber +65 8989 8416
, +65 8899 0447, +65 8464 2055 မှာ အလုပ်လျှောက်ပါ။

(အလုပ်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်ကျွန်တော့် WhatsApp ကိုလာဆက်သွယ်ပေးပါနော်။

View For More