“Career Coaching ဆိုတာဘာလဲ?”
Career Coaching ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံမှာတော့ လူသိမများသေးပါဘူး။
အများစုနဲ့ ရင်းနှီးတာကတော့ Football Coach၊ Executive Coach ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာတော့ coaching ကိုပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။ ဥပမာ – Career Coach, Executive Coach, Leadership Coach, Career Coach Singapore, Voice Coach, High-Performance Coach, Career Coach Online စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီ post မှာတော့ Career Coaching အကြောင်းကိုပြောပြချင်ပါတယ်။
Career Coach ရဲ့တာဝန်တွေကတော့ သင်ရရှိလိုတဲ့ရည်မှန်းချက်တွေကို ရှာဖွေပေးခြင်း၊ ရှင်းလင်းစွာသိမြင်စေခြင်း• မိမိကိုယ်ကိုရှာဖွေတွေ့ရှိအောင်ကူညီပေးခြင်း• လုပ်ဆောင်ရမည့်နည်းဗျူဟာများ နှင့် နည်းလမ်းများပေးခြင်းတို့ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းအားဖြင့် လူတစ်ယောက်ဟာ မိမိဘဝရဲ့ခေါင်းဆောင်မှု (personal leadership) တိုးတက်လာခြင်း နှင့် မိမိတွင်ရှိသည့်အလားအလာများကို အကောင်းဆုံးအသုံးချလာနိုင်ပြီး မိမိရဲ့ဘဝနဲ့အလုပ်အပေါ်အမြင်ပြောင်းလဲတိုးတက်လာမှာဖြစ်ပါတယ်။
ဘယ်သူတွေအတွက် Career Coach လိုအပ်သလဲ?
သင်ဟာ career coach နဲ့အလုပ်လုပ်ဖို့လိုအပ်သလား ဆိုတဲ့မေးခွန်းကိုဖြေဆိုဖို့အတွက် မိမိကိုယ်ကို အောက်ပါမေးခွန်းလေးတွေကို အရင်မေးကြည့်ပါ။
- သင့်ရဲ့ career နှင့်ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ?
- အလုပ်သွားရတာကိုသဘောကျပါသလား?
- သင့်ရဲ့အကောင်းဆုံးအရည်အချင်းတွေကို အသုံးချနေရပါသလား?
- သင့်ရဲ့ ရေတို (short-term) နှင့် ရေရှည် (long-term) career ရည်မှန်းချက်တွေကဘာတွေလဲ?
- သင့်ရဲ့ ဘဝတန်ဖိုးတွေနဲ့ ကိုယ့်ရဲ့ career ကကိုက်ညီမှုရှိပါရဲ့လား?
အကယ်၍ အထက်ကမေးခွန်းတွေရဲ့အဖြေဟာ ကိုယ့်အတွက်စိတ်တိုင်းကျတဲ့အဖြေတွေမဟုတ်ဘူး၊ ရှင်းရှင်းလင်းလင်းမဖြေဆိုနိုင်ခဲ့ဘူးဆိုရင်တော့ career coach ကသင့်ကိုကူညီနိုင်ပါတယ်။
Career Coach ကဘာတွေကူညီပေးနိုင်လဲ?
လူတိုင်း ရည်မှန်းချက်ချမှတ်ပြီး အကောင်အထည်ဖော်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ career ကိုရရှိနိုင်ပါတယ်။
ဒီလိုလုပ်ဆောင်ဖို့အတွက် career coach ကအောက်ပါတို့လုပ်ဆောင်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။
အင်တာဗျူးအောင်ပြီး မိမိနှင့်ထိုက်တန်သည့်အလုပ်၊ လစာရရှိအောင်လုပ်ဆောင်ပေးခြင်း မိမိ၏ကိုယ်ရည်ကိုယ်သွေး၊ ဘဝတန်ဖိုးများနှင့်ကိုက်ညီသည့်အလုပ်ရရှိစေခြင်း ရာထူးတိုးရရှိအောင်လုပ်ဆောင်ပေးခြင်း Career ပြောင်းလဲလိုသည့်အခါ မိမိနှင့်သင့်တော်သည့်အလုပ်ကို ရှာဖွေပေးခြင်း အလုပ်နှင့် ဘ၀ (work-life balance) မျှတအောင်လုပ်ဆောင်ပေးခြင်းလူတိုင်းတစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျော်ဟာ အလုပ်လုပ်ရင်းကုန်ဆုံးကြရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အောင်မြင်ပျော်ရွှင်မှသာ ဘဝရဲ့အခြားအပိုုင်းတွေမှာလည်း အောင်မြင်ပျော်ရွှင်မှာဖြစ်ပါတယ်။
အောင်မြင်ပျော်ရွှင်သည့် career ဖြစ်ဖို့အတွက် ကိုယ်ရဲ့ရည်မှန်းချက်တွေကိုသိရှိဖို့ မိမိမှာရှိတဲ့အရည်အချင်းတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် လုပ်ဆောင်သင့်ပါတယ်။
အကယ်၍မိဆွေက သင်တန်းအပ်ဖို့စိတ်၀င်စားရင် 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 +𝟔𝟓 8899 0447 Link ကို နှိပ်ပြီး အခုပဲ ဆက်သွယ်လိုက်ပါ။
Ref: ICF
Credit to Laura_Cho
